Part 7

396 48 1
                                    

Zawgyi:

      >>>>> 2019 September <<<<<

     လင်းအာရုံ ၏ အိမ်ရှေ့သို့ ခန့်မှူးပိုင်၏ ကားလေးသည် ဆိုက်ရောက်လာခဲ့သည်။ကာလေး ရပ်လိုက်သည်နှင့် လင်းအာရုံနှင့် ရှင်းသန့်ငယ်တို့သည် ကားနောက်ခန်း တစ်ဘက်ဆီမှ တံခါးလေးဖွင့်ပြီး ထွက်လာသည်။

     လင်းအာရုံသည် ခန့်မှူးပိုင် အနားသို့ ရောက်လာပြီး ဖော်ဖော်ရွေရွေ ပြုံးပြကာ

"ကျေးဇူးပဲနော် ခန့်မှူးပိုင်"

"ရပါတယ်...."

     ခန့်မှူးပိုင်သည် လင်းအာရုံ၏ ဘေးတွင် ဘာစကားမှမဆိုဘဲ ရပ်နေသော ရှင်းသန့်ငယ်အား စိုက်ကြည့်ကာ ဖြေလိုက်သည်။ အကဲခတ်မြန်သော လင်းအာရုံ က ရှင်းသန့်ငယ်၏ လက်လေးအား မသိမသာ တို့၍ သတိပေးလိုက်သည်။ ရှင်းသန့်ငယ်သည် လင်းအာရုံအား မသိချင်ယောင်ဆောင်ကာ မထုံမလေးသာ ရပ်နေသည်။

"မင်း ဒီနေ့ တစ်ခုခု မေ့နေလား ရှင်းသန့်ငယ်"

     ခန့်မှူးပိုင်ကသာ မိမိအား အဖတ်မလုပ်သူလေးကို မနေနိုင်မထိုင်နိုင် မေးမိသည်။ ရှင်းသန့်ငယ်ဆီက 'Have a good day' ဆိုသည့် စကားလေးမကြားရသရွေ့ သူလည်း ဒီနေ့တနေ့လုံး အဆင်ပြေနိုင်မည်မဟုတ်။

"ဘာမေ့နေလို့လဲ"

"ဘာမှမဟုတ်ဘူး။ ငါသွားပြီ"

     ရှင်းသန့်ငယ်၏ အဖြေကြောင့် မျက်နှာကြီး ပုတ်သိုးကာ ကားကို တရကြမ်း မောင်း၍ ထွက်သွားသည်။ လင်းအာရုံသည် မောင်းထွက်သွားသောကားလေးအား ငေးကြည့်နေသည့် ရှင်းသန့်ငယ်ကို နားမလည်သည့် မျက်ဝန်းတို့ဖြင့်ကြည့်ပြီး ပုခုံးကို နာနာ ရိုက်ချလိုက်သည်။

"နာတယ်ဟ!"

"နင် ဘာဖြစ်နေတာလဲ။ အရင်ကကျ တခန့်မှူးတည်း ခန့်မှူးပိုင် နေပြီးတော့"

"ဘာမှမဖြစ်ပါဘူး"

"ငါ့ကိုမလိမ်ပာနဲ့ ရှင်းသန့်ရယ်။ နင်တစ်ခုခုဖြစ်နေတာ ငါသိတယ်။ မိုးသက်ဦးတို့ အိမ်ရောက်ကတည်းက နင် မျက်နှာပျက်နေတာ"

   လင်းအာရုံက ခြံတံခါးဖွင့်ပေးပြီး ရှင်းသန့်ငယ်အား ဝင်စေ၍  ရှင်းသန့်ငယ်၏ အဖြေကို စောင့်စားနေလိုက်သည်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now