Part 14

330 43 0
                                    

Zawgyi:

           >>>>>> 1997 April <<<<<<

    ဒီနေ့က သင်္ကြန်အကြိုနေ့မို့ မိုးသားလွင်ကို သူ အားလုံးထက် အရင်ဦးစွာ ရေလောင်း ချင်သည်။ ထို့်ကြောင့်လည်း မနက် ၃ နာရီလောက်ကြီးတည်းက သူကြီးအိမ်သို့ သူထွက်လာခဲ့သည်။ ရေဖလားလေး တစ်ခွက် ကိုင်ရင်းနဲ့ပေါ့....။

     သူကြီးအိမ်ရောက်ရောက်ချင်း သူသွားသည်က မိုးသားလွင်ရှိသည့် အခန်းနဲ့နီးသည့်နေရာ။ ခပ်တိုးတိုးရေရွှတ်၍ ဆရာလေး ဟူသည့် နာမည်လေးအား သူအခါခါ ခေါ်နေသည်။ သို့သော် ဆရာလေး ဆီမှ တုံ့ပြန်သံမကြားရ။ ဒီတော့ သူ အခက်တွေ့နေပြီလေ။

    ခေါ်၍ မရသည့်အဆုံး ခင်မြိုင်အခန်းရှိသည့်ဘက်သို့ ထွက်လာခဲ့သည်။

"ခင်မြိုင်...။ ခင်မြိုင်ရေ.."

   ကိုလင်းဖေအသံကြောင့် အိပ်ရေးဆက်သည့် ခင်မြိုင်တစ်ယောက် နိုးလာခဲ့သည်။ ပြတင်းပေါက်လေးဖွင့်ကာ အိပ်ချင်နေသည့် မျက်ဝန်းငယ်တို့အား ပွတ်သတ်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် 'ဘာလဲ' ဆိုသည့် သဘောဖြင့် မေးငေါ့ပြလိုက်သည်။

"ဆရာလေးကို နှိုးပေးစမ်းပါ။ ငါ အောက်မှာ စောင့်နေတယ်လို့"

    ခင်မြိုင်က ကိုလင်းဖေအားမျက်စောင်းလေးထိုးကာ ငြူစူစူနဲ့ ထွက်သွားတော့သည်။
  
    သူကြီးရဲ့ ခြံဝန်းကြီးထဲတွင် တခဏလောက်စောင့်အပြီးမှာတော့ ဆရာလေးဟာ ရောက်လာခဲ့သည်။
အိပ်ချင်မူးတူးရုပ်လေးနဲ့ မျက်လုံးတွေတောင် မပွင့်တပွင့်နှင့်ပင်။ 

စွပ်ကျယ်လက်ပြတ်လေးနဲ့ ပုဆိုးဝတ်ထားသော ဆရာလေး၏ ပုံစံကို အခုမှ ပထမဆုံးမြင်ဖူးခြင်းသာဖြစ်သည်။ စွပ်ကျယ်အင်္ကျီကြောင့် တစ်စွန်းတစ်စ မြင်နေရသော ဆရာလေး၏ အသားစိုင် ဖြူဖြူတို့ဟာ ရင်ဖိုစရာကောင်းလှသည်။ မမြင်အပ်သော အရာကို မြင်လိုက်ရသလို ကျုပ် မျက်နှာလွှဲလိုက်မိသည်။

ဆရာလေးရဲ့ အခုလိုပုံကို ဒီအိမ်ကလူတွေက မြင်နေကျလား။ ဘယ်လောက်တောင် မနာလိုစရာ ကောင်းလိုက်လဲ။ ဖြစ်နိုင်ရင် ဆရာလေးကို အိမ်ခေါ်ထားတာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲ ဒီမှာ လာနေတာပဲဖစ်ဖြစ် လုပ်ပစ်လိုက်ချင်တယ်...။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now