"မဟုတ်ဘူး... ဒါမဟုတ်ဘူးမလား....😭😭 Paoလေး...ကိုယ့်ကိုမထားခဲ့ပါနဲ့...ကိုယ်paoလေးမရှိပဲ နေနိုင်မှာမဟုတ်ဘူး ကိုယ့်အပြစ်တေပါ paoလေးကို တယောက်တည်းထားခဲ့မိတာ😭😭ကိုယ့်ရဲ့အိပ်မက်တေ အမှန်တကယ်မဖြစ်လာဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ရတာ ဒါမယ့်အခုတော့မဖြစ်နိုင်တော့ဘူးထင်တယ်"
Boun သူနဲ့ဝင်တိုက်မလိုဖြစ်သွားတဲ့လှည်းဆီ သွားကြည့်ချင်ပေမယ့်လည်း သူထင်တာတေတကယ်ဖြစ်လာမှာကြောက်နေတော့ ကုတင်ကိုမျက်နှာအပ်ကာသာ ငိုကာနေမိတော့တယ် ပန်းစည်းလေးကတော့ ကြမ်းပြင်ပေါ်အဖော်မဲ့စွာကျနေခဲ့တယ်
တစ်စုံတယောက်က ပန်းစည်းလေးကိုကောက်ကာ Bounဘေးနားကို လေးပင်တဲ့ခြေလှမ်းလေးတေနဲ့လျှောက်လာခဲ့တယ် Bounရဲ့မျက်နှာနားလေးကို ပန်းစည်းလေးကိုချလိုက်ပီး နူတ်ကနေခေါ်လိုက်တဲ့နာမည်လေးက
"Hia....."
"Hia...တဲ့ paoလေးကိုယ့်ကိုခေါ်နေကြနာမည်လေး😭😭"
"Hia....ကျွန်တော်ခေါ်ရတာ ပင်ပန်းတယ် ဘာလို့ငိုနေတာလဲ"
"Pao....."
Premရဲ့အသံကိုပြတ်ပြတ်သားကြားမှ လှည့်ကြည့်လိုက်တော့ သူချစ်ရတဲ့ကောင်လေး ဆေးရုံအဝတ်အစားနဲ့မဟုတ် နေ့လည်ကpremအတွက်ဆိုပီးပို့ခိုင်းထားတဲ့ဝတ်စုံလေး ဆွယ်တာအဖြူရောင်လက်ရှည်ကို ဂျင်းဘောင်းဘီအရှည်နဲ့တွဲဝတ်ထားတယ် လက်ထဲမှာလည်းကုတ်အပြာရောင်လေးကိုကိုင်ထားလို့ ပိန်သွားတာကြောင့်အကျီလေးက fix sizeလေးနဲ့ ကြည့်လို့ကောင်းနေတယ်
Bounမြင်မြင်ချင်းပဲ premကိုရင်ခွင်ထဲထည့်လို့ လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကျပ်စွာဖက်ထားလိုက်တော့တယ်
"ကိုယ့်ကိုထားမသွားပါနဲ့နော်paoလေး😭😭"
"ကျွန်တော်က ဘာလို့ထားသွားရမှာလည်း လွှတ်ဦး အသက်ရှူကြပ်တယ်"
"ဟင့်အင်းမလွှတ်ဘူး လွှတ်လိုက်ရင်ပျောက်ကွယ်သွားမှာ ကိုယ်အရမ်းကြောက်တယ်"
"ကျွန်တော့ကိုသေချာကြည့်ပါဦး Hia....ကျွန်တော်ကပျောက်သွားရအောင် သရဲမှမဟုတ်တာ"