"ဆာဝါဒီခ K'Mae"
"သားက ဘယ်သူလဲကွဲ့ "
"ကျွန်တော့်နာမည် Joongပါ ဟို..nineလေးကို လာတွေ့တာ"
"အော် သားလေး ပြောပြောနေတဲ့ Jဆိုတာလား.."
"ဟုတ် Mae သူရှိလား..."
"သားလေးက ကျောင်းသွားတက်နေတယ်လေ Adim uniမှာ "
"ဗျာ Adim uniမှာ ဟုတ်လား Mae"
"Mae သန်ဘက်ခါ သားဆီသွားမှာ "
"Krub သူ့ကို ဒါလေးပေးပေးပါနော် Mae"
"သား မတွေ့တော့ဘူးလား"
"မတွေ့တော့ဘူး Mae သူ့ကို ဒီလက်စွပ်လေးသာ စွပ်ထားပေးပါ ကျွန်တော်လိုက်ရှာပါ့မယ်လို့ ပြောပေးပါနော် Mae"
"အေးပါ သားရယ် သားလာရှာတာ nineလေးသိရင် အရမ်းပျော်နေမှာ😊"
"Krub ကျွန်တော့ကို သွားခွင့်ပြုပါဦးနော် ဆာဝါဒီခ Mae"
တကယ်တော့ Joong သူ့ကလေးကို တွေ့ဖို့ သတ္တိမရှိဘူး သူ့ကလေးက သူနှိပ်စက်နေတဲ့ nineဖြစ်နေမှာကို ကြောက်နေလို့ပဲ nineက သူတက်နေတဲ့ uniမှာလို့ ပြောလိုက်တည်းက ကြက်သီးတေပင်ထသွားခဲ့တာ စိတ်ထဲမှာလည်း သူမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေတာပေါ့ အဲ့လိုနဲ့ပဲ သူနူတ်ဆက်ပီး ပြန်လာခဲ့တယ်
လမ်းအကွေ့မှာပဲ စတိုးဆိုင်ထဲကနေထွက်လာတဲ့ကောင်လေး လက်ထဲမှာလည်း မုန့်တေအပြည့်နဲ့ ပါးစပ်ကလည်း စားနေသေးတာ တချက်တချက် မုန့်စားရင်း ခွက်ခွက်ဝင်သွားတဲ့ ပါးချိုင့်လေးတေ အရမ်းကိုချစ်ဖို့ကောင်းတယ် Joongလည်း စချင်တာနဲ့ ကားကိုရပ်ပီး သူ့ဆီလျှောက်သွားတော့ Joongကို မြင်လို့ထင်ပါရဲ့ အပြေးလေးသွားနေတဲ့ ကောင်လေး
"ဟိတ် ပေါက်စ ...ပေါက်စ..."
"P' ဘာလုပ်မလို့လဲ ဒီအချိန်တော့ မနှောင့်ယှက်လို့ရမလား"
"ငါ ဘာမှမလုပ်ရသေးဘူးလေ"
"အင်း..."
Nineစားလက်စ ချောကလက်ချောင်းလေးကို ငုံ့ပီးကိုက်လိုက်တော့
"P' ဘာလုပ်တာလဲ"
"စားချင်လို့လေ ငါမရွံတတ်ပါဘူး"