"သားသားကို ကျွန်တော့်ကိုပေး...
ဦး ဆိုင်ကိုသွားဦးမှာလား..."

"ဒီနေ့မသွားတော့ဘူးလေ...
ကလေးနဲ့ကလေးထိန်းမယ်..."

သားက နှစ်လပြည့်သွားပြီမို့..ကျွန်တော်ကတော့ တခါတလေဆိုင်ကို သွားဖြစ်တယ်..။ ကလေးကတော့..သားသားရှိနေတာမို့ အိမ်မှာနေနေရတယ်..။ မေမေနဲ့ဖေဖေကတော့..သားသားကို ဝိုင်းထိန်းပေးတာမို့ ကလေးအတွက်တော့နည်းနည်းသက်သာပါသည်..။ ကလေးရဲ့ဖေဖေနဲ့မေမေကလည်း ကလေးဆီကို မကြာခဏလာလည်ပြီး သားသားကိုဝိုင်းထိန်းပေးကြသည်..။

"သားသားရေ...ပြန်အိပ်မယ်နော်...
မနက်ကလည်း အစောကြီးနိုးနေတာ...
ပြန်အိပ်ဦးနော်...ကျွတ်ကျွတ်..."

သားသားကိုချီပြီး..အခန်းထဲမှာပဲ ပတ်လျှောက်ပြီးချော့သိပ်လိုက်တော့..မနက်ကတည်းက နိုးနေတဲ့သားသားက ပြန်အိပ်ပျော်သွားတယ်..။ သားသားအိပ်ပျော်သွားမှ ကလေးပုခက်လေးထည့်ပြီး ခနလှုပ်ပေးလိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်..။

"ဟင်း...သားသားတော့ အိပ်ပျော်သွားပြီ...
ဒီကလူကြီးကိုလည်း ချော့သိပ်ပေးပါဦး..."

"ပေါက်ပေါက်ရှာရှာတွေ...
ထ..မနက်စာ သွားစားမယ်..."

"တားကိုလည်း ချီသွားလေ ပါပါး..."

"အဟက်...ဦးကတော့လေ...
သွားမယ်ဆို..."

"အဲ့တာဆို အာဘွားပေး..."

"ဟင်း....မွ..." ဆိုပြီး ဦးရဲ့ပါးကိုနမ်းလိုက်တယ်..။

"နှုတ်ခမ်းလေးကိုရော...kissပေး.."

"ဟင်း....ဟုတ်ပြီ...
ပြွတ်...ကျေနပ်ပြီလာ...ထ သွားမယ်..."

"ဟင့်အင်း...french kiss ပေးချင်တာ..."

"ဦး!...မလိုက်ဘူးလား...
အဲ့တာဆိုလည်း ကျွန်တော်အရင်သွားတော့မယ်..."

"စတာ စတာ...အတူလိုက်မယ်...
french kiss က ညကျမှပေးလည်းရတယ်..ဟဲဟဲ..."

"အကြံဆိုးကြ်ီးနဲ့ ဟွန့်...."

"သြော်...ထမင်းစားပြီးရင် ပေးမယ်ဟုတ်လား.."

"ဦး!..."

"စတာ စတာ..ဟဲဟဲ...သွားမယ်.." လို့ ပြောပြီး ကလေးရဲ့ပခုံးကိုဖက်ကာ ထမင်းစားခန်းဆီလျှောက်လာခဲ့လိုက်တယ်..။ နေ့လယ်ဘက်ရောက်ရင်တော့လား..ဟင်းဟင်း..အခွင့်အရေးကိုကောင်းကောင်းအသုံးချရမှာပဲ..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now