First Chance (Unicode)

67 7 0
                                    

"မင်း သူနဲ့ ယူဖို့ ဆုံးဖြတ်ပြီးပြီမလား? "

"....အင်း....."

"အင်း...ငါသိပြီ။ ကံကောင်းပါစေ "

ခုံတန်းလျားပေါ် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့မည့် ပတ်ချန်းယောကို လှည့်မကြည့်ဘဲ ဘတ်ခ်ဟွန်း တစ်လှမ်းချင်း ပုံမှန်သာ လျှောက်လာခဲ့သည်။ ယခု သူ့စိတ်ထဲ မည်သည့်ခံစားချက်မျိုး ဝင်နေသလဲဟု အဖြေထုတ်ရမည်ဆိုလျှင်.....စိတ်အေးရသည်ဟူသော အဖြေကလွဲရင် ဘာမှ ရှိမနေ။
ဟုတ်သည်။ ဘာမှ ရှိမနေခြင်းတွင် နွေးထွေးမှုနှင့် အချစ်တို့ပါ ရှိမနေတော့ခြင်း ပါနိုင်သည်။ အကြောင်းရင်းကလည်း ပတ်ချန်းယော မည်သို့သောလူဖြစ်သည်ကို သူ အနားလည်ဆုံး ဖြစ်နေသောကြောင့်ပင်။

ပတ်ချန်းယောနှင့် သူက အလယ်တန်းကျောင်းတူကြသည်။ အတန်းမတူသော်လည်း ဘတ်ခ်ဟွန်းက ပတ်ချန်းယောကို သိနေသည်က အကြောင်းတစ်ခုသာရှိသည်။ ထိုအကြောင်းကား ပတ်ချန်းယောက အနှိပ်စက်ခံလူတန်းစားတွင် ပါဝင်သောကြောင့်ပင်။ အမှန်တော့ ကျောင်းလမ်းသရဲတို့၏ ပစ်မှတ်က ပတ်ချန်းယောဖြစ်ခဲ့ဟန်မတူ။ ပတ်ချန်းယောက နှိပ်စက်ခံနေရသည့် ကျောင်းသားကို ဝင်ကယ်ရင်း သူပါ ပစ်မှတ်ဖြစ်သွားသည်။ ကျောင်းသာ တစ်နှစ်ပြီး တစ်နှစ် ပြီးသွားသော်လည်း ပတ်ချန်းယောက ကျောင်းပြောင်းသွားခြင်း မရှိသလို ၊ သူကယ်ခဲ့ဖူးသော ကျောင်းသားကိုပါ လက်လွှတ်လိုက်ခြင်း မရှိ။

ဘတ်ခ်ဟွန်းက အပြင်တွင် ပျော်ပျော်နေတတ်သလို ရှိသော်လည်း ကိုယ်ကိုယ်တိုင်တောင် မကယ်ဆယ်နိုင်ဘဲ လူတကာကို ဟီးရိုးဝင်လုပ်တတ်သော လူတို့ကို ရွံမုန်းသူ။ လူတိုင်းအပေါ် ကြင်နာသမှုနှင့် ဆက်ဆံရမည်ဟူသော ဆုံးမနည်းဝါဒတို့ကိုလည်း ဂရုမစိုက်သူ။ ဘတ်ခ်ဟွန်းက  သူ့လက်ထဲတွင် ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်းရှိနေမှ ထိုအရာကို ပြုလုပ်တတ်သူ။ Materialism ဖြစ်သော ဘတ်ခ်ဟွန်းအတွက် မျှော်လင့်ချက်၊ အိပ်မက်ဆိုသော အရာများက ဒဏ္႑ာရီလာပုံပြင်များသပ်သပ်ပင်။ ထိုကြောင့်လည်း ပတ်ချန်းယော၏ သူရဲကောင်းလုပ်ရပ်များကို စစချင်း ဘတ်ခ်ဟွန်း သဘောမကျသော်လည်း ကျောင်းပြီးသည်အထိ သည်းခံနိုင်သော ပတ်ချန်းယောကို မြင်ရသည့်အခါ ဘတ်ခ်ဟွန်း ချီးကျူးမိတာတော့ အမှန်ပင်။

Second ChanceWhere stories live. Discover now