Part 37 ( မိန်းကလေးတယောက်လို ဝတ်စားခြင်း)

Start from the beginning
                                    

" ခိ....မမှတ်မိပဲနေမလား။"

အားလော့က ရယ်လေ၏။ သူမက ရယ်လျက်ပင်ဆက်ပြောလာသည်။

" အဲ့တုန်းက နင်မိန်းကလေးအဝတ်အစားနဲ့လေ။ ဒါပေမဲ့ နင်ကလှပါတယ်။ နေအုန်း...အခုကဘာလူပ်ဖို့တွေးနေတာလဲ။"

အားလော့၏ မျက်လုံးအကြည့်က တဖြည်းဖြည်းကျည်းကာ အန်းလုကိုစူးစိုက်ကြည့်လာ၏။ အန်းလုက လက်ဖြောက်တီးလိုက်ရင်း

" ဟဲဟဲ...သဘောပေါက်တယ်မလား။ ဒါဆို နင့်အဝတ်အစားတစ်ချို့ ငါ့ကိုခဏငှား။"

အန်းလု၏ စကားကြောင့်အားလော့မှာ လုပ်လက်စကိုပင် ဆက်မလုပ်နိုင်ပဲ အန်းလုကိုကြည့်ကာ မေးလေတော့သည်။

" အန်းလု....မဟုတ်တာတွေ။ နင့်ကိုတယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ။"

" အဲ့တာကြောင့် မိန်းကလေးလို ဝတ်မှာလေ။ မပူပါနဲ့။ ငါ့ကို နင့်ရဲ့အရှင်မင်းကြီးကတောင် မမှတ်မိနိုင်ပါဘူး။"

"........."

............................

" Ok...Ok...ပြည့်စုံပြီ။"

အန်းလုက နံရံပြင်တစ်ခုအကွယ်မှနေ၍ ဝူရှဲ့အဆောင်ကို လှမ်းကာကြည့်နေသည်။ ကိုယ်ခန္တာကို ပြန်ကပ်လိုက်ရင်း ရင်ဘတ်ရှိ ဖောင်းကြွကာနေသော အရာအား ဘေးနှစ်ဖက်မှနေ၍ တွန်းကာနေရာတကျဖြစ်စေ၏။ ဆံနွယ်အား အပေါ်တစ်ဝက်ခန့်စည်းကာ ကျစ်ဆံမြှီးတို့ကျစ်ကာခွေလျက် ဆံထုံးထုံးပြီး ကျန်တစ်ဝက်ကိုဖားလျားချကာထားသည်။  မျက်နှာခြေတို့ ခပ်ပါးပါးပုတ်ကာ လိမ်းခြယ်ကာထားသော မျက်နှာပြင်က တကယ်ကို မိန်းကလေးတယောက်အသွင်ပင်။ ရှေ့တွင်တော့ မတိုမရှည်ဆံနွယ်လေးများအား ချကာထားသည်။

အန်းလုက အောက်ဘေးနားတွင်ချကာထားသော မုန့်ဗန်းအား ကောက်ယူလိုက်ပြီးနောက် ဝူရှဲ့အဆောင်ဘက်သို့ လျောက်ကာလာတော့သည်။ သူ၏ပါးစပ်က ခပ်တိုးတိုးရွတ်နေပါသေး၏။

" ရှန်းရှန်း တစ်ခုခုကိုတော့သိထားပြီးလိမ့်မယ်။"

ခပ်သွက်သွက်လျောက်ကာလာသော ခြေလှမ်းတို့က ရှည်လျားသောဝတ်ရုံစကပ်စရှည်ကြောင့် ထိုအစကိုခြေထောက်ပင် တတ်နင်းမိကာချော်လဲပါလေတော့သည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now