💓(13)💓

3.4K 206 9
                                    

သတိရလာတဲ့ရှောင်ကျန့်.. သူ့ကုတင်ဘေးက ဝမ်ရိပေါ်ကိုမြင်ပြီး ''ကျင်ရီ သခင်​​လေးကဘာဖြစ်လို့လဲဟင်..."

''သတိလစ်သွားတာပဲ ရှောင်ကျန့်..
အားရှန့်ကို ရှာပေးလို့ ပြောတယ်တဲ့ ဒီစကားတစ်ခွန်းတည်းပဲ..
သူသတိမလစ်ခင် ပြောသွားခဲ့တာ။''

'ဟင်..ဒါဆိုရင်သူက ငါငယ်ငယ်တုန်းက
ငါ့ပါးကိုအမြဲအနမ်းခံရတဲ့ အနမ်းကြမ်းတဲ့ကောကောများလား။
မဟုတ်နိုင်ပါဘူး..သူက ငါ့အပေါ်ညင်သာပါတယ် ငါ့ကိုဆိုရင်အလိုလိုက်တာအရမ်းပဲ..'
'ရှောင်ကျန့်မင်းဘာတွေ တွေးပြီးပူပန်နေတာလည်း သူက ငါမျှော်လင့်တဲ့သူမဟုတ်ဘူး..မင်းကိုအမြဲနှိပ်စက်တဲ့ လူကြီး အဲ့ဒါကို
မြဲမြဲမှတ်ထား'

ဆရာဝန်တွေကတော့ ရိပေါ်ကို အနည်းငယ်စမ်းသပ်မှုလုပ်ပြီး..''လူနာက
ဘာမှမဖြစ်ပါဘူး အားနည်းသွားယုံပါ။''

"ဟုတ်ကဲ့. ဒေါက်တာ.."

ရိပေါ် သူ ၂ ရက်လောက်သတိမေ့နေခဲ့ပြီး
နိုးလာတော့ အိမ်ကိုပြန်ရောက်နေပြီ ဖြစ်သည်။

ရှောင်ကျန့်ကတော့အရင်လိုပဲ သူ့အခန်းထဲမှာ အိပ်ပျော်နေတဲ့အတွက်..ရိပေါ်နိုးနိုးခြင်းတော့ လန့်သွားတယ်။

"မင်းက ဘယ်သူလဲ ငါ့အိပ်ယာပေါ်ဘာလို့အိပ်နေရတာ.." (မျက်လုံးအပြူးသားနဲ့)

'Wtf!!!..စွဆန်းအမေးကြီးပဲ..
ဝမ်ရိပေါ် မှဟုတ်ပါရဲ့လား။
ဟန်ဆောင်နေတာပါ..သူဟန်ဆောင်နေတာပဲဖြစ်ရမယ်။'

''သခင်လေးက ကျန့်ကျန့်ကို ဒီမှာပဲအိပ်ခိုင်းထားတာမဟုတ်ဘူးလား။''

"အော်..အဲ့ဒီလိုလား..."

''အပြင်မှာဘယ်သူရှိလဲ..''
ဝမ်ရိပေါ်ရဲ့ခေါ်သံကြောင့် ကျင်ရီ အခန်းထဲဝင်လာမိပြန်တယ်။

''ငါဗိုက်ဆာပြီ.. တခုခု ယူလာခဲ့ပေး ကျင်ရီ။''

"ဟုတ်ကဲ့ အကိုလေး..."

ဝမ်ရိပေါ်ကို မနက်စာ ခရုဆန်ပြုတ်လေးပဲ
ကျွေးရပြန်တယ် ယူလာတဲ့စားစရာတွေအားလုံးကိုကြည့်ပြီး မကြိုက်ဘူး ပြန်ယူသွားဆိုတာကြီးပဲ။နောက်ဆုံးတော့လည်း
ခရုဆန်ပြုတ်လေးကယ်သွားပေလို့..
ခရုဆန်ပြုတ်စားပြီး ပြန်အိပ်ပျော်သွားတဲ့
ရိပေါ်..သူ့ခေါင်းကခဏခဏကိုက်နေတယ်လေ...

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now