💓(17)💓

3.3K 187 4
                                    

သတိရလာတဲ့ ကောင်လေးက စူးရှရှမျက်ဝန်းတွေနဲ့ ဝမ်ရိပေါ်ထံအကြည့်ပို့ထားပြီး.''.ခင်ဗျား နှိပ်စက်လို့မဝသေးဘူးလား
ဝမ်ရိပေါ်။
ဘယ်အထိလဲ..ဘယ်လောက်အထိနှိပ်စက်ရမှ ခင်ဗျားက ကျေနပ်နိုင်မှာလည်း။
အဟက်..ပြန်ပြီးအဖက်ဆယ်ဖို့မပြောနဲ့ ကျွန်တော့်ဘဝကြီးတခုလုံး ရေစုန်မျောနေရတာ ကမ်းမမြင်လမ်းမမြင်ပဲလေ..
အဲ့ဒါ ခင်ဗျားကြောင့် ခင်ဗျားကြီးရဲ့အတ္တတွေကြောင့်။''

''စာနာခြင်းအကြောင်းတရားဆိုတာ ခင်ဗျားကြီးဆီမှာမရှိဘူး..ခံမှ မခံစားဘူးတာ ဘယ်လိုလုပ်စာနာနိုင်မှာလည်း။''

''အားရှန့်..ကိုယ် တောင်းပန်ပါတယ်။
အရင်က ကိုယ်ဘာအမှားတွေ လုပ်ခဲ့လုပ်ခဲ့
အခုချိန်ကစပြီး အားရှန့်အပေါ် ကျူးလွန်မိခဲ့တဲ့အမှားတွေအတွက် ပြန်ပြီးပေးဆပ်ပါရစေ ကိုယ့်ဘက်ကတောင်းဆိုတာပါ။''

''အဟက်..မလိုဘူး..မလိုချင်ဘူး။
ခင်ဗျားကြီးကို စွရမ်းနာကြည်းမုန်းတီးလွန်းတယ်။''

''ခင်ဗျား ငယ်ငယ်က သိခဲ့တဲ့အားရှန့်က
ခင်ဗျားရဲ့အတ္တတွေကြားမှာ သေဆုံးသွားတာကြာပြီ။
အခုခင်ဗျားရှေ့ကလူက ရှောင်ရှောင်ကျန့်။''

''ကိုယ်အမှားတွေကို ပြင်ဆင်ခွင့်လေးတောင် မပေးတော့ဘူးလား..အားရှန့်။''

''ခင်ဗျားနဲ့ထိုက်တန်လို့လား..ပြောလေ။
ခင်ဗျား ကိုးကွယ်ခဲ့တဲ့အတ္တနွံထဲပဲ ပြန်နစ်နေလိုက်..ခွင့်မလွှတ်ဘူး ဘယ်တော့မှ..''

''အခုစွဲနေတဲ့ မူးယစ်ဆေးကိုလဲ ရအောင်ဖြတ်ပြမယ်..ကျွန်တော့်ဘဝကို ခုချိန်ကစပြီး ခင်ဗျားမပိုင်တော့ဘူး။ပြီးတော့ရှိသေးတယ် ခင်ဗျားကို ခင်ဗျားရဲ့အတ္တကပဲသေအောင်သတ်နေတာ ခင်ဗျားနဲ့ထိုက်တန်တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။''

''လိုက်မလာခဲ့နဲ့..ဖြစ်နိုင်ရင် ခင်ဗျားကြီးရှိနေတဲ့ ဟောဒီကမ္ဘာပေါ်ကနေ ထွက်သွားချင်မိတယ်။
တစ်မိုးအောက် အတူတူရှိနေရတဲ့ခံစားချက်ကြီးက ကောင်းမနေဘူး။''

ရိပေါ်ရှောင်ကျန့်ကို သူမတားမိခဲ့ ခုချိန်မှာ
ပေါက်ကွဲလွယ်တာမဆန်း သူ့ရဲ့စိတ်အလိုအတိုင်း လွတ်လွတ်လပ်လပ်လွှတ်ပေးထါးရခြင်းပဲ။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Tahanan ng mga kuwento. Tumuklas ngayon