💓(7)💓

3.6K 204 4
                                    

"မားသဘောမတူဘူး ဝမ်လေး."
''ဖြစ်နိုင်ရင် ဝမ်လေး သူတို့နဲ့မပက်သက်ပါဘူးလို့ မားကိုကတိပေး။''

''မား..ဝမ်လေးတောင်းပန်ပါတယ်..
ရှားကို နားလည်ပေးပါ.. ရှားကြောင့် ဝမ်လေးနောက်ထပ်မခံစားပါရစေနဲ့ ဒီဒဏ်ရာတွေက အလကားရင်းခဲ့တာမဟုတ်ဘူး
ဝမ်လေးရဲ့အချစ်အတွက် သက်သေပြခဲ့တာပဲ..ဒါကြောင့် ဝမ်လေးမရှိတဲ့ကာလတွေမှာ မားအစစအရာရာဂရုစိုက်ပါ့မယ်လို့ ကတိပေးပါ။''

"ဝမ်လေး ပေကျင်းကို တကယ်ပြန်တော့မယ်ပေါ့...မားသားလေး အစစအရာရာ
အဆင်ပြေနိုင်မှာပါ..တခုပဲ အချစ် အဲ့ဒီအချစ်ဆိုတာကြီးကို မားသဘောမကျဘူး"

''လူတိုင်းကို မယုံနဲ့ဝမ်လေး...အချစ်တွေ စေတနာတွေ မေတ္တာတရားတွေနဲ့ ယုံကြည်မှုတွေဆိုတာ ရှားတယ်။ဒါကြောင့်
ဝမ်လေး အတ္တစိတ် မာနတရားတွေနဲ့သာပြတ်သားနိုင်ပါစေ။''

"မား ဝမ်လေးနားတော့မယ်.."

''မားဆေးထည့်ပေးမယ်လေ..ဝမ်လေး။''

''ရတယ်မား...ဝမ်လေးကိုယ့်ဘာသာဆေးထည့်လိုက်မယ်..မားလည်းနားတော့လေ။''

"ကောင်းပြီ..ဝမ်လေး..."

အပြင်မှာ ကျနေတဲ့ နှင်းပွင့်တွေက ဖြူလွှလွှနဲ့ ကောင်းကင်တလွှားက ခုန်ဆင်းနေကြတယ်.

အခန်းတံခါးက ဖွင့်ထားတဲ့အတွက် ဝရန်တာကနေ အိပ်ယာအထိ ထိုနှင်းပွင့်ဖြူဖြူတွေက တိုးဝင်နေကြပြန်ရော..

ဝမ်ရိပေါ် အိပ်ယာထက်ပစ်လှဲချလိုက်ပြီး
ကွမ်ယောင်ရဲ့ လက်စကို လှောင်နေပြန်တယ်..'ငါ့ဘဝမှာ လိုချင်တဲ့အရာကို ရအောင်ယူတတ်တယ်။ ကွမ်ယောင် ဒီတော့ မင်းရဲ့ညီမကို ငါပိုင်ဆိုင်နိုင်ဖို့ပဲကျန်တော့တယ်..အဟက်..စောင့်ကြည့်နေလိုက်ဆက်ပြီးတော့..'

အချိန်တပတ်ဆိုတာ ခဏလေးကုန်ဆုံးသွားတာပဲ..နာရီစက္ကန့်တွေပြောင်းလဲရွေ့လျားနေတဲ့အတွက်လေ...

ဒီနေ့မှာတော့ ဝမ်သခင်လေးတို့ ပေကျင်းမြို့ကို ခြေပြန်ချမဲ့နေ့..

"ကျင်ရီ..ငါ့ပစ္စည်းတွေကို သယ်လာခဲ့။
ပြီးတော့ ငါပြန်လာတာ ရှားကိုမသိစေနဲ့..
အခြေနေ တည်ငြိမ်သွားပြီဆိုမှ ရှားကိုပေကျင်းခေါ်မယ် သူမအလုပ်တွေရှိသေးတဲ့အတွက် အနှောက့်အယှက်မပေးတါကောင်းမယ်။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Unde poveștirile trăiesc. Descoperă acum