Epi-5

3.9K 318 6
                                    

Unicode

အတွေးများကလွန်ခဲ့သော တစ်ဆယ့်နှစ်နှစ်ထံသို့.....

မနက်မိုးလင်းလို့ အိပ်ရာနိုးထလာခဲ့လျှင် တွေ့ချင်မိသည့် ဖခင်ဖြစ်သူဟာ အိမ်တွင်ရှိမနေတော့ပေ။ အဘယ့်ကြောင့်ဆိုသော် အိမ်၏စားဝတ်နေရေးအတွက် အပြင်ထွက်ကာစီးပွားရှာရခြင်းကြောင့်။ 'မြန်မြန်ပြန်လာပါစေ'ဟု စိတ်ထဲမှာသာ ထပ်ခါ ထပ်ခါရေရွတ်ရင်း မိခင်ဖြစ်သူထားသွားမှာကိုလဲ ခံနိုင်ရည်ရှိအောင် ပြင်ဆင်နေခဲ့ရသည်။မိခင်ဖြစ်သူသည်လည်း အိမ်ရှင်မပေမို့ စျေးသွားကာ ဝယ်စရာရှိတာတွေ ဝယ်ပြီး အိမ်အတွက်ချက်ပြုတ်အဆင်သင့်လုပ်ပြီးသည်နှင့် ရတနာဆိုင်ကိုသွားရန် ပြင်ဆင်ရတော့သည်။

ထိုသူတွေအားလုံးဟာ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြပြီး ၇နှစ်အရွယ်  ကောင်လေးကိုတော့ မည်သူမှ ဂရုစိုက်ခြင်းမရှိခဲ့​ေပ။ အချိန်တန်ရင် ရေချိူးဟု ပြောပြီး အချိန်ကျလျှင် ထမင်းစားဟုသာ ပြောပြီး ထိုကောင်ငယ်လေးအတွက် အချိန်ပင် နည်းနည်းလေးတောင်အနားမှာရှိနေမပေးခဲ့ကြပေ။ ငယ်ရွယ်လွန်းတဲ့ကောင်ငယ်လေးဟာတော့ သူ့မိဘတွေ အိမ်မှာမရှိကြတော့ရင် အိမ်ကြီးထဲမှာတစ်ယောက်ထဲနေရင်း မိဘများပြန်အလာကို အစဥ်အမြဲစောင့်မျှော်နေလေခဲ့သည်။

တစ်ခါတစ်လေ တစ်ယောက်ထဲနေရခြင်းကိုကြောက်၍ တစ်ယောက်ထဲ ထောင့်လေးတစ်ထောင့်မှာ ဒူးနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့် တင်းတင်းဆုတ်ရင်း အသံတိတ်ငိုကြွေးနေတတ်တော့သည်။အချိန်တော်တော်များများကို တစ်ယောက်ထဲသာ ဖြတ်သန်းခဲ့သော ထိုကောင်ငယ်လေးဟာ အချိန်ကြာလာသည်နှင့်အမျှ ရင်ထဲမှာ ဒဏ်ရာတွေဟာ ထပ်ခါထပ်ခါရရင်း အဖော်မင်လာခဲ့သည်။အနားမှာလူတွေရှိနေသော်လည်း အမြဲတစ်ယောက်ထဲပဲဟု တွေးနေတတ်သည်။အများရှေ့မှာပြုံးရယ်ပျော်ရွှင်နေသော်လည်း နောက်ကွယ်မှာတော့ အသံတိတ်ငိုကြွေးနေခဲ့သည်။

အကြောင်းမှာတော့ သူ့ရင်ထဲမှာလဲ ကြိုသိနေသလို၊အမြဲလဲ ဖြစ်နေကြတွေပဲမို့။

"လူတွေအားလုံးဟာ တစ်ချိန်ကျရင် ငါ့ကိုထားသွားကြမှာပါပဲ"ဟူသော အသိတရားကြီး ကြီးစိုးနေခဲ့လို့်ဖြစ်သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now