Epi-4

4.3K 358 7
                                    

Unicode

ဆုံနေကြဆိုင်ကိုရောက်ကတည်းက ခုနကဒေါ်ဒေါ်လှပြောတာကို တွေးလိုက် ငိုလိုက်
ပြံုးလိုက် နှင့်တစ်ယောက်ထဲ ဗျာများနေသည်။ဆိုင်က ချပေးတဲ့ tissue boxထဲမှာလဲ tissueတွေသိပ်မကျန်တော့ဘူး။ လူက ဟိုးမွေးကင်းစထဲက ငိုရင် မျက်ရည်ရော နှပ်ချေးတွေပါထွက်တတ်တော့ နဲနဲမျက်ရည်ကျတာနဲ့ နှပ်တွေပါထွက်လာပြီ။ အခုလို တွေးလိုက်ငိုလိုက်ဆိုတော့ ပိုဆိုးပေါ့ သုပ်မနိုင်တော့ဘူး။ဆိုင်ကိုရောက်နေတာလဲ နာရီဝက်ကျော်နေပြီ။ အခုထိ ဘာမှလဲမမှာရသေးဘူး။ဟိုကောင်တွေကလဲ အခုထိမလာကြသေးဘူး။

"အင်း အခုဆို ငါလဲ တော်တော်ရုပ်ပေါက်နေလောက်ပြီ ကြည့်ရလဲတော်တော်ဆိုးနေလောက်ပြီ"

ပြောရင်း ဆိုင်တံခါးပေါက်ဝဆီအကြည့်ရောက်မိတော့ လက်ချောင်းဖြူဖြူတွေက ဆိုင်တံခါးကို ဆွဲဖွင့်​ ပြီး ဝင်လာသူ ။ သူဆိုသည်မှာ တတ ၂နှစ်လုံးလုံးcrushခဲ့ရတဲ့၊အနောက်ကနေ လိုက်ခဲ့ရတဲ့ ကောင်လေး။ဒီနေ့ သူက အဝါရောင် T-shirt လက်တိုလေးနဲ့အောက်က အစိမ်းရောင်အကွက်စိတ်လေးတွေရှိတဲ့ ပုဆိုးကို တွဲဖက်ဝတ်ဆင်ထားပြီး မျက်မှန်အဝိုင်းလေးကိုလဲ တပ်ဆင်ထားသည်။

"ဟာ သူ...."

ကိုယ့်ပါးစပ်ကိုယ် အမြန်လက်နဲ့အုပ်လိုက်ရသည်။အသံကြားလို့နဲ့တူတယ် ကိုယ့်ဘက်ကိုလှည့်ကြည့်သွားတယ်။
'အား သေပျော်ပါပြီ'လို့ စိတ်ထဲမှာအော်ဟစ်ရင်း သူ့အား ငေးကောင်းကောင်းနှင့် ငေးကြည့်နေလိုက်သည်။ပါးစပ်မှလည်း

"အား ချောလိုက်တာ ငါ့ရဲ့နတ်သားလေး ချစ်လိုက်တာ"

နောက်ကျနေတဲ့ သူငယ်ချင်းများအား ထိုင်ပင်ကန်တော့ချင်သွားသည်။သူတို့မလာလို့ အေးဆေး ငမ်းရတာ၊ သူတို့လာရင် မငမ်းရတော့ဘူး ခိခိ။
ထိုအချိန် ဆိုင်၏တံခါးအား ဆွဲဖွင့်ခြင်းအမှု့ ကို ပြုလုပ်လိုက်သော ကောင်မလေးတစ်ယောက်၊ထိုကောင်မလေးက ဆိုင်ထဲသို့ဝင်လာပြီး မိမိ၏အရှေ့မှဖြတ်ကာ သူ့အရှေ့တည့်တည့်ခုံတွင် ဝင်ထိုင်လိုက်တော့သည်။သိပြီးသားဖြစ်နေပေမဲ့လည်း အခုလိုမျက်စိရှေ့မှာ မြင်နေရပြီး ပြောသည့်စကားများပါ ကြားရချိန်မှာတော့ ကျွန်တော့်ကမ္ဘာ အမှောင်ဖုံးတော့သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now