Epi-3

4.9K 396 8
                                    

Unicode

တတိုင်းရတစ်ယောက် သူငယ်ချင်းတွေဆီ ဖုန်းခေါ်သော်လည်း တစ်ယောက်မှဝင်ပြီး လာကိုင်ခြင်းမရှိကြသဖြင့် စိတ်ထဲအချဥ်ပေါက်လာခဲ့သည်။ နဂိုထဲက စိတ်ရှည်တတ်သည့်လူစားမျိူးမဟုတ်သည့်အတွက် ဒေါသတို့သည် မိုင်ကုန်ထွက်လာတော့သည်။မကိုင်မချင်းခေါ်မည်ဟူသော အရွဲ့တိုက်စိတ်ကလေးကလဲ ဘယ်ကနေဘယ်လိုပေါ်လာသည်မသိ ခေါ်နေမိတာ ဘယ်နှစ်ခါတွေရှိမှန်းလဲ မသိတော့။

"ဟင်း...... ငါ ဒေါသတွေထွက်လာပြီနော် သတောင်းစားတွေရေ အင်း... ဒေါသတွေထွက်လာပြီဆိုရင်တော့ အား....."

အခန်းထဲ ခုန်ပေါက်အော်ဟစ်လိုက်ရင်း လက်ထဲက ဖုန်းကလဲ အခေါ်မပျက်ခဲ့ပါ။မိနစ် ၂၀လောက်အကြာမှာတော့ တစ်ဖက်မှ ဖုန်းကိုင်လာခဲ့သည်။

"ဟ........"

"ခွေးသတောင်းစားတွေ သေဖို့ဖြစ်လို့ဖုန်းမကိုင်ကြတာလား ငါ ဒီလောက် ဘယ်နှစ်ခါမှန်းမသိခေါ်နေတာတောင် ကိုင်မဲ့သူမရှိဘူး၊ငါ့ဒေါသကို မသိလို့လား သက်သက်မဲ့ အကုသိုလ်တတ်ရအောင် လုပ်တာလား သေနာတွေရဲ့ ငါ...."

"နေ နေပါအုံးကွာ မင်းကလဲ စောစောစီးစီး ဒီမှာ အိပ်မက်ကောင်းမက်နေတဲ့ဟာကို ချီးပဲ"

"မင်းကြီးတော်ကို စောစောစီးစီး နာရီလဲပြန်ကြည့်အုံး ဘာလဲ အိပ်မက်ထဲမှာ မင်းလင်ရသွားလို့လား ဟား ဟား"

'တတိုင်းဆိုတဲ့ မသာကောင် ငါ့ကိုပြောနေတာကြည့်စမ်း အေးပါ ပြောထားဖေ့သား တစ်နေ့မင်းလင်ရရင် ငါ မိန့်မိန့်ကြီး အောင်နိုင်သူပြုံး ပြုံးပြီးထိုင်ကြည့်မှာ သားလေးရဲ့'ဟု စိတ်ထဲမှာသာ ပြောလိုက်ရင်း အပြင်မှာတော့

"ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ လိုရင်းပြော"
စကားစလိုက်တော့မှ

"အော် ဟုသား မေ့တော့မလို့ နောက်အပတ် ငါတို့မိသားစု ရွာသွားမလို့ကွ ကျောင်းပိတ်ရက်လေး အေးအေးဆေးဆေး သွားနှပ်မလို့လေ ဟဲဟဲ"

"အသံကိုက သိပ်မသွားချင်ရှာဘူးနော် လဒ ဟိုကောင်တွေရော သိပြီးပြီလား "

မေးလိုက်တော့

"မင်းအဖေ ငါ ဖုန်းတွေ ခေါ်နေတာလေ မင်းတို့အကုန်လုံးကို တစ်ကောင်မှမကိုင်ကြဘူး တစ်ယောက်တစ်လှည့်ဆီခေါ်နေတာ မင်းအလှည့်ကျလို့ ပြန်ခေါ်ကာမှ မင်းက ကိုင်တာ သတောင်းစားရဲ့"

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Donde viven las historias. Descúbrelo ahora