"သြော်..အဲ့တာ မငယ်ထည့်ပေးလိုက်တာ...
မာလကာသ်ီးနဲ့ ငရုတ်သီးဆား ထည့်ပေးလိုက်တာ..."

"အဟိ...မငယ်က အလိုက်သိလိုက်တာ...
ဦး စားပွဲပေါ်ဝိုင်းချပေးပါဦး...
ဝေလင်း လာထိုင်.."

"အေးအေး..."

"ကလေးရယ် ဒီမှာငြိမ်ငြိမ်လေးလာထိုင်...
ဦးလုပ်ပေးမှာပေါ့..."

"အင်းပါ....ထမင်းစားမယ်...
ထမင်းစားမယ်..." ဆိုပြီး ဇွန်းကိုပါးစပ်ကကိုက်ကာ..ကျွန်တော် ဟင်းပွဲချပေးနေသည်အထိကို စောင့်နေသည်..။

"ဝိုး.....စားချင်စရာကြီးတွေ..."

"စား စား...ဦး ဝေလင်းဖို့ juiceသွားယူပေးလိုက်ဦးမယ်..."

"ရပါတယ် ကိုနေမင်းရဲ့...
ကျွန်တော်ကဘာမှမဖြစ်ပါဘူး..."

"ရပါတယ်...အကိုသွားယူလိုက်ဦးမယ်...
ကလေးတို့စကားပြောနေကြပေါ့..."

"ဟုတ်..."

နေမင်းဧကရာဇ်ကပြောပြ်ီးတာနဲ့ အပြင်ကိုထွက်သွားတယ်..။ သူရဖုန်းမြင့်ကတော့..ထမင်းနဲ့ဟင်းကိုပဲ မျက်လုံးထဲထည့်ထားကာ တစ်ခုချင်းစီစားနေတယ်..။ စားနေရင်းနဲ့မှ..ဘေးမှာ ဝေလင်းရှိသေးတယ်ဆိုတာ သတိရပြီး လှည့်ရယ်ပြလိုက်တယ်..။

"ဟဲဟဲ...ယောက်ဖ မင်းရောစားမလား..."

"တော်ပြီ...မင်းပဲစား...
ငါစားခဲ့ပြီးပြီ...
ဒါနဲ့ မင်းဗိုက်က ဘယ်နှလရှိပြီလဲ?..."

"၃လကျော်ပြီ...မင်းဘာလုပ်မလို့လဲ?..."

"ဘာမှမလုပ်ပါဘူး...
သမီးလေးမွေးရင် ငါ့ကိုပေးနော်..."

"ေ-ာ .. infinity ေ-ာ ...
ခွေးကောင်...ဒီချိုင့်အဖုံးမင်းခေါင်းပေါ်ရောက်ချင်တာလား..."

မျက်နှာကြီးကိုချက်ချင်းစူပုတ်သွားပြီး..ထမင်းချိုင့်အဖုံးကိုကောက်ကိုင်ကာ..မိုးမွှန်အောင်ဆဲပြီး ပြောလာတဲ့ သူရဖုန်းမြင့်ကြောင့် ဝေလင်းမှာအံ့သြသွားတယ်..။

ကျွန်တော်က စလိုက်တာလေ..သူရ ဒီလောက်ထိစိတ်ဆိုးသွားလိမ့်မယ်လို့ မထင်ထားဘူး..။ ဗိုက်ကြီးလာမှ သူရဖုန်းမြင့်တစ်ယောက်အတော်ကိုစိတ်ဆိုးဒေါသထွက်လွယ်နေတာပဲ..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now