"ကိုယ့်နေရောင်ခြည်လေး မချမ်းဘူးလား"
ထိုင်ပြီးပြီးချင်း မေးလိုက်သည်။ ထွက်နေသည့်ချွေးတွေတော့ မသုတ်ဖြစ်။ ချွေးထွက်အောင်တမင်ကစားသည်ကို။ အေးလွန်းသည့်ဒဏ်ကြောင့် ဒီလိုလေ့ကျင့်ချိန်အနည်းငယ်လောက်ဖြင့် သွေးသိပ်မပူလာပါ။
"မချမ်းပါဘူး၊ ငါ့အနွေးထည်က ထူတယ်"
"ဟုတ်လား၊ ချမ်းရင် ဖက်ထားပေးမလို့ကို"
"အရူးပဲ"
"ဒါနဲ့ ကိုယ်ကအတန်းမရှိတော့ဘူး၊ mianဆောင်မှာ ထိုင်စောင့်နေမယ်"
"အင်း"
"သွားမယ်လေ ကိုယ့်နေရောင်ခြည်"
"ဟုတ်ပြီ"
ထရပ်လိုက်ကြပြီး deanက သူ့ကျောပိုးအိတ်ထဲက အားကစားဂျာကင်ကို ထုတ်ဝတ်သည်။ သူကဒီလိုစတိုင်ကျကျဝတ်တဲ့အခါ ခြေသလုံးထိရှည်တဲ့ကုတ်အင်္ကျီနှင့် မျက်နှာသာပေါ်ရုံဦးထုပ်ဆောင်းထားသည့် ကိုယ့်ကိုယ်ကိုကြည့်ရင်း အတော်လေးကွာခြားလိုက်တာဟုတွေးနေမိသည်။
"သွားစို့ ကိုယ့်အနှီးထုတ်လေး"
"အဲ့လိုမခေါ်စမ်းနဲ့ ဘာမှအနှီးထုတ်နဲ့မတူဘူး"
နှာတစ်ချက်ရှုံ့ကာ လွယ်အိတ်ကိုကောက်လွယ်ရင်းပြောတော့ deanက ပါးကိုလာဆွဲသည်။ ဒီကောင် ကိုယ့်ကိုဘာထင်နေတာပါလိမ့်။
"သွားစို့ ကိုယ့်နေရောင်ခြည်လေးခေါ် အနှီးထုတ်လေး"
နေရောင်ခြည်လေးပခုံးကိုဖက်ရင်းပြောတော့ မကြည်ကြည့်လေးတစ်ချက် လက်ဆောင်ရလေသည်။ ဘာမှထပ်မပြောလာတာမို့ အတန်းတက်ဖို့ရာသွားရတော့သည်။ နေရောင်ခြည်လေးက လမ်းသွားရာတစ်လျှောက်ခပ်ကုတ်ကုတ်။ ဖြူ တဲ့ပါးလေးက အအေးဒဏ်ကြမ်းရဲ့ရိုက်ခတ်မှုကြောင့် နီရဲနေသည့်ချယ်ရီသီးလေးလိုဖြစ်နေသည်။ ကိုက်စားချင်လိုက်တာ။
JE LEEST
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romantiekလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ