"ကဲ...ဘယ်လိုဖြစ်နေကြတာလဲကွာ...
မင်းတို့လင်လင်၂ယောက်ကလည်း ရန်မဖြစ်စဖူး ရန်ဖြစ်နေကြတယ်..."

"ဒေါက်တာ ဘာမှမေးမနေပါနဲ့...
ဒေါက်တာစမ်းသပ်စရာရှိတာ စမ်းသပ်ပေးပါ..."

"ကလေး!...လူကြီးကို ဘယ်လိုပြောနေတာလဲ?..."

"ဦးကို ပြောတာမဟုတ်ဘူး...
ဝင်မပြောပါနဲ့..."

"ကျစ်..."

"ကဲ ကဲ...တော်ပါတော့ကွာ...
သူရဖုန်းမြင့် ဒေါက်တာစမ်းသပ်ပေးမယ်နော်..."

"ဟုတ်..."

ဒေါက်တာကိုဇော်က ပြောပြီးတာနဲ့..သူရဖုန်းမြင့်ကို စမ်းသပ်ပေးနေတယ်..။ နေမင်းဧကရာဇ်တို့ကတော့ ဘာမှမပြောဘဲ ဒီတိုင်းရပ်ကြည့်နေလိုက်တယ်..။

"ဟင်း....ပြောရမှာတော့ တစ်မျိုးပဲကွ...
ငါလည်း မသေချာလို့နောက်တစ်ခါ စမ်းသပ်ကြည့်တာ...
အဖြေကအတူတူပဲထွက်နေတယ်..."

"ဘာများဖြစ်လို့လဲ?..ကိုဇော်.."

"အင်း...သူရဖုန်မြင့်မှာ ကိုယ်ဝန်လေးပတ်ရှိနေပြီ..."

"ဟမ်!!..." ဆိုပြီး အကုန်လုံးရဲ့အံ့အားသင့်တဲ့တွေ ပေါ်ထွက်လာတယ်..။

"ကိုဇော် မနောက်ပါနဲ့ဗျာ..."

"ကိုဇော်မနောက်ဘူး နေမင်း...
ကိုဇော်တကယ်ပြောနေတာ..."

"ဒေါက်တာ နောက်ချင်ရင်တခြားနည်းနဲ့နောက်ပါ...ဒါမျိုးတော့ မနောက်ပါနဲ့.."

"ရော် ခက်ချေပြီ...
ဟုတ်ပါတယ်ဆိုတာကို...
မင်းတို့လင်လင်က ဘာလို့မယုံသလိုပြောနေရတာလဲ?..
ဒါမျိုးက ဖြစ်တတ်တာရှားပေမဲ့..မင်းတို့ကတော့ ကံကောင်းကြတာပေါ့..."

"အဲ့...အဲ့တာဆို တကယ်ပေါ့..."

မယုံသလိုမေးလာတဲ့သူရဖုန်းမြင့်ကို ကိုဇော့်မှာ မနည်းဟုတ်မှန်ကြောင်းပြောပြနေရတယ်..။

"အဲ့တာဆို..မွန် အန်တီလေးဖြစ်ပြီပေါ့..."

"ဟမ်!..."

ဒီတခါ အံ့သြသွားရတဲ့သူကတော့..သူရဖုန်းမြင့်ပါပဲ...

"သြော်...မွန် ခဲအိုလေးနဲ့ မနှုတ်ဆက်ရသေးဘူးပဲ...
မွန်က ကိုကိုရဲ့တစ်ဦးတည်းသောညီမ မွန်မြတ်သူ ပါ..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now