"ရိုက်.....ရိုက်တယ်?" (တချိန်လုံး ပါးပဲ ရိုက်ခံနေရတယ်🙁)
"နင်အဲ့လောက်မိုက်ရိုင်းနေတာ ငါကဆုံးမသင့်တာပေါ့" (စောက်မြင်ကပ်စရာ အပြုံးနှင့်)
ဘယ်ချိန်က ရောက်နေမှန်းမသိတဲ့ သွှန်းရွှေစင်က
သူ့အကြောင်းမကောင်းပြောနေသည်မို့ စိတ်တိုစွာနဲ့ ရဲရင့်အား ရိုက်လိုက်သည်ရိုက်ခံရသည့် ရဲရင့်က လုံးဝစိတ်တိုသွားသည့်ပုံစံပင် ။ သို့သော်လည်း သူ့မှာ heroကြီးရှိနေသည်မဟုတ်ပါလား
"မင်း ရူးနေတာလား? ကလေးပဲ သူပြောချင်တာပြောမှာပေါ့ လက်ပါစရာလား?"
နေမင်းခက သွှန်းရွှေစင်ကို တွန်းလိုက်ပြီး ပြောလိုက်သည်
သူ ဒီလို လက်ပါနေသည်ကို သူလုံးဝ ခွင့်လွှတ်မည်မဟုတ်ချေ"ဘာ ကလေး အသက်20 နားတောင်ကပ်နေပြီကို ကလေး လို့လာပြောနေသေးတယ် ။ ကိုကို နင်သူ့ဘက်က ဘာလို့လိုက်ပါနေတာလဲ "
"ငါ့အတွက်တော့ ကလေးပဲ အဲ့တာကြောင့် လက်ပါစရာမလိုဘူး။ သူက ငါ့ကလေး မင်းလို မိန်းမမျိုးဘက်ပါစရာလား"
ရဲရင့်ကို သူ့လက်နဲ့ ကာလိုက်ပြီး ပြောလိုက်သည်
(ဝမ့်ကျီးက ဝေ့ရင်းကို ကာပေးသလို👀 မြင်ယောင်ကြပါ)ရဲရင့် သူ့ကိုယ်သူတောင်မသိလိုက်ပဲ ပြုံးမိသွားသည် ။ နေမင်းခကို သူလှမ်းကြည့်လိုက်သည်
*ဝါးး သူက အရမ်းမိုက်တာပဲ*
"နင်...နင်.."
နေမင်းခနောက်မှာ နေတဲ့ ရဲရင့်ကတော့
သွှန်းရွှေစင်ကို လျှာထုတ်ပြီး ပြောင်ပြ🤪"နင်.. "
ထပ်ရိုက်မလို့ လက်ရွယ်တော့ နေမင်းခက လက်ကို တားလိုက်ပြီး"မိန်းကလေးတစ်ယောက်ကို လက်မပါသင့်မှန်းသိပေမဲ့ "
ဖြန်း!
"နင် ငါ့ကို ရိုက်လိုက်တယ်!"
"ခုနက သူ့ကို ရိုက်တဲ့အတွက် တန်ရာတန်ကြေးပြန်တောင်းတာ လာ သွားမယ်ကလေး"
ရဲရင့်လက်ကို ဆွဲပြီး ကားရှိရာဆီသို့>>>
သွှန်းရွှေစင်ကတော့ ဒေါသမီးတွေတောက်ပြီး ကျန်ထားခဲ့လေရဲ့ ။
ဒါ့အပြင် ရဲသွေးနဲ့ မင်းခန့်လဲ ငယ်ထိပ်မြွေပေါက်ပြီလေ