"အကိုနေမင်းခက ရဲရင့်ကို ခေါ်သွားပြီ ရဲရင့်မပါပဲ ပြန်လို့မရဘူး အကိုမင်းခန့် သူတို့နောက်လိုက်!"
"အွန်း သွားမယ်"
ရန်ဖြစ်နေကြသည့်အတွင်းမှာ သူတို့ သတိမထားမိသည်က ဘေးမှာ လူတွေ အများကြီး ဝိုင်းကြည့်နေသည်ကိုပင်
ကျန်ထားခဲ့သည့် သွှန်းရွှေစင်မှာ တချို့က သနားနေသည့် စကားသံများ တချို့က နည်းတောင်နည်း သေးသည်ဟု ပြောနေသူများ ကြားတွင် ကျန်ခဲ့တော့သည်
"နင်တို့ နှစ်ယောက် ကြည့်နေလိုက် မကွဲကွဲအောင် လုပ်အုံးမှာ " (လူယုတ်မာပြုံးပြုံးလျှက်)
>>>>>>>>>>>>>>>>>>>
နေမင်းခ ကားနားတွင်,,,,,,"နာသွားလား?"
"......" နေမင်းခအား စိုက်ကြည့်
*သူဘာလို့ ဒီနေ့မှ အရမ်းချောပြီး ကြည့်ကောင်းနေတာလဲ?*"နီတောင်သွားတယ် နောက်တစ်ခါ အဲ့လိုရိုင်းတာတွေသူများတွေကို သွားမပြောရဘူး ကိုယ်ပဲခံရလိမ့်မယ် ကြားလား"
"အင်း" ခေါင်းငြိမ့်ပြလျက်
*ခဏနေပါအုံး အရင်တစ်ခါက ကိစ္စ! ငါသူ့အပေါ်စိတ်ယိုင်လို့မဖြစ်ဘူး*
"ဖြေနိုင်တယ်မလား "
"......" စိုက်ကြည့်နေ
"ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ ကိုယ့်ကိုသတ်တော့မဲ့ အတိုင်းပဲ"
"......." စိုက်ကြည့်ပြီး မျက်ရည်များ ဝဲလာသည်
"ဟော ဘာလို့ မျက်ရည်တွေ"
"မကောင်းတဲ့ကောင် ငါ့ကို မဆက်သွယ်ဘူး ။ တခြားမိန်းမနဲ့ ဖြစ်ချင်တိုင်းဖြစ်တယ် နမ်းလဲနမ်းနေတယ် ။ အခုချက်ချင်း ငါဆင်းမယ် ။မင်းနဲ့ အတူတူမနေနိုင်ဘူး"
"ဟမ် တခြားမိန်းမကိုနမ်းတယ်?"
"အဲ့နေ့က ဘား မှာ ခင်ဗျားနမ်းနေတာမြင်တယ် လူယုတ်မာ"
"အာ မင်း မြင်ခဲ့တာလား?? ကိုယ်ရှင်းပြမယ် အဲ့တာ မင်းထင်နေသလိုမဟုတ်ဘူး ရဲရင့်"
"မပတ်သတ်ချင်ဘူးမလား ။ ကျနော်ဆင်းမယ် "
"မဟုတ်ဘူး ကိုယ်ရှင်းပြမယ်လေကွာ ။ မင်းအရမ်း စိတ်ဆိုးနေမှန်းကိုယ် သိပါတယ် "
part(19)
Start from the beginning