သူတို့သားဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့် သူတို့ထပ်ပြီး မည်သည်ကိုမှ မတားဆီချင်တော့ကြောင်းပြောပြီး သူတို့သားလေး ခံစားခဲ့ရသည်များအား ကုစားပေးခဲ့သည်ကြောင့် ဂျီမင်းကိုပင် ကျေးဇူးတင်နေကြသေးသည်။

အခုတော့ သူတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်တန်းနေလေပြီ။ လူကြီးသာ ပြန်လာရင်ပေါ့..။

ခဏကြာတွင် မင်္ဂလာပွဲလေးစတင်လေသည်။

အစ်ကိုနမ်ဂျွန်ကလည်း ဟိုဆော့ကို မချစ်ဘူး
မချစ်ဘူးသာဆိုတာ သူ့လောက် ဟိုဆော့ကို ဂရုစိုက်တာ သူပဲရှိသည်။ အခုလည်း သူ့ဘေးက သတို့သားပေါက်စကို ကြည့်နေလိုက်တာများ မျက်လုံးကြီး ဟိုဆော့ မျက်နှာမှာပြေးကပ်တော့မည်။

သတို့သားနှစ်ယောက် အနမ်းပေးနိုင်ပါပြီလည်းဆိုရော မည်သည့်အချိန်ကတည်းက နမ်းချင်နေမှန်းမသိသည့် ဟိုဆော့က အကိုနမ်ဂျွန်၏ ပုခုံးကိုဆွဲဖက်ပြီး သူ့ ဘက်က အရင်စနမ်းလေတော့သည်။ အမှန်ဆို ဟိုဆော့က မင်္ဂလာဆောင်ချင်တာကြာပြီ၊ အစ်ကိုနမ်ဂျွန်ကသာ အထက်တန်းပြီးအောင် စောင့်ပါဦးဟုပြောထားသည်မို့ မနည်းအောင့်အီးထားရသည်မှာ အသိသာကြီးပင်။

အဘွားဖြစ်သူမှာ သူ့မြေးလေးတွေအား ကြည့်ရင်း မျက်ရည်လေးတွေ ဝိုင်းလို့။ ဟိုဆော့၏ အမေက အဘွား လက်အား ဆုပ်ကိုင်ပေးထားလေသည်။

ထိုအချိန် လက်ထဲက တုန်ရီလာသည့် ဖုန်းကြောင့် ဂျီမင်း မျက်လုံးလေးတွေဟာ ဖုန်းမျက်နှာပြင်ပေါ် သို့ အပြေးအလွှား။ တစ်စုံတစ်ယောက်ဆီကလာသည့်
စာကြောင်းအတိုလေးကြောင့် ဂျီမင်း၏  နှလုံးသားငယ်ဟာ အရှိန်ပြင်းပြင်း ခုန်လှုပ်လာတော့၏။

_ကိုယ်ရောက်နေပြီ Hotelရှေ့ထွက်ခဲ့နော်_

ဘေးကအဘွားအား ခွင့်တောင်းပြီးနောက် ဟိုတယ်ရှေ့သို့ ဂျီမင်း အပြေးလေးထွက်လာခဲ့သည်။

အပြင်ရောက်တော့မှ မိုးတဖွဲဖွဲကျနေတာမြင်ပြီး သူထီးမယူလာခဲ့ရမှန်း သတိရ၏။ ခေါင်းပေါ်ကျလာသည့် မိုးစက်တို့ကို လက်ဖြင့်မိုးကာပြီးနောက် လူကြီးကို အပြေးတစ်ပိုင်းလိုက်ရှာနေမိသည်။

PETRICHOR || VMINWhere stories live. Discover now