ဟိုဆော့ကလည်း နောက်က ဖက်ထားသောဂျီမင်း၏ ပုခုံးလေးပေါ်သို့ ခေါင်းလေးမှီချလိုက်သည်။

"မင်းအစ်ကိုကို ငါ့လောက်ချစ်တာ ငါပဲရှိတာ မင်းကစိတ်ပူနေသေးတယ်"

"မင်းနဲ့ဆို ငါစိတ်ချပါတယ်"

"ဒါနဲ့ မင်းလူကြီးရော ပွဲကိုမှီပါ့မလား"

"မသိပါဘူး . . . မင်းကိစ္စတွေကြောင့် သူနဲ့တောင် သေချာဖုန်းမပြောဖြစ်သေးဘူး"

"အံမယ် . . ကိုယ့်အစ်ကိုဖြစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲကို ဒီလောက်တော့ပင်ပန်းပေးရမှာပေါ့ မဟုတ်ဘူးလား"

"ဟုတ်ပါတယ် . . ဟုတ်ပါတယ် အချစ်ဆုံး
သူငယ်ချင်းကြီး ဂျောင်ဟိုဆော့ရယ်"

အပြင်က မိုးတဖြောက်ဖြောက်ကျသံနှင့် အတူ ဟိုတယ်အခန်းငယ်လေးထဲက သူငယ်ချင်းနှစ်ယောက်၏ ရယ်သံလွင်လွင်ကြောင့် စနေနေ့ရက်မြတ်လေးဟာ ပိုပြီး ကျက်သရေမင်္ဂလာတို့ဖြင့် အတိပြီးလေသည်။

ဟိုဆော့ကို သေချာပြင်ဆင်ပေးပြီးနောက် ပွဲလည်းစတော့မှာဖြစ်သည်ကြောင့် ဂျီမင်းလေး ခန်းမထဲအမြန်ဝင်လာရသည်။ ဟိုဆော့တို့ မိဘတွေနှင့် စကားလက်ဆုံကျနေသည့် အဘွားဘေးမှာ ဝင်ထိုင်လိုက်ပြီး ဂျီမင်း အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်လိုက်သည်။

"မြေး"

"ဟုတ် ဖွား"

"ထယ်ယောင်း မရောက်သေးဘူးလား"

"မနေ့ညက ဆိုလ်းပြန်ရောက်တယ်တဲ့ ပွဲအမှီဘူဆန်ဆင်းလာမယ်လို့တော့ ပြောတာပဲ"

"တောက်လျှောက်ကြီး လေယာဥ်စီးလာရတော့ နားလည်းနားချင်ရှာမှာပေါ့ ထယ်ယောင်းလေးကို မမှီလည်း ရတယ်လို့ပြောလိုက်"

အဘွားစကားက်ို ဂျီမင်း ခေါင်းသာ ညိတ်ပြလိုက်သည်။

သူလည်း အမှန်တကယ်ဆို အလုပ်သာများနေတာ လူကြီးနဲ့ တွေ့ချင်တာမှ တစ်ပိုင်းကိုသေလို့။ လူကြီးထွက်သွားပြီးနောက် လူကြီး၏ မိဘတွေက သူတို့နယ်ကိုရောက်လာသည်။ အစကတော့ ဂျီမင်းကြောက်နေခဲ့ပေမဲ့ လူကြီး မိဘတွေက သူထင်သလိုသဘောထားသေးသိမ်ကြသည့် သူတွေမဟုတ်ကြ။

PETRICHOR || VMINWo Geschichten leben. Entdecke jetzt