"ကျွန်တော်လည်း မသိတော့ပါဘူး...
ညည်းသံကြားလို့ ထကြည့်တော့..ကိုယ်တွေပူကျစ်နေတော့တာပဲ...""ဟင်း....ကလေးကို အရင်ရေသဘက်တိုက်ပေးမှဖြစ်မယ်..."
"ဟုတ်...သားတိုက်ပေးလိုက်မယ်လေ.."
"ဖြစ်လို့လား...မေမေတိုက်ပေးရမလား..."
"ရပါတယ်...သားပဲတိုက်ပေးလိမ့်မယ်..."
"အေးအေး...
မေမေ ရေသွားခပ်ပေးမယ်...
သားရေသဘက်တိုက်ပေးထားနှင့်...""ဟုတ်..မေမေ.."
မေမေထွက်သွားပြီးတော့မှ..ကလေးကို ရေသဘက်တိုက်ပေးဖို့ကိုပြင်လိုက်တယ်..။ အဝတ်အစားတွေချွတ်လိုက်တဲ့အခါ တွေ့လိုက်ရတဲ့အရာတွေကြောင့် ကျွန်တော်အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်..။
ကျွန်တော်အဲ့လောက်ထိကြမ်းတမ်းမိသွားတာလားဆိုပြီး ကိုယ့်ကိုယ်ကိုလည်း နောင်တရမိတယ်..။ ညက ကလေးရဲ့ပုံစံက အရမ်းချစ်ဖို့ကောင်းနေတာကြောင့်..ကျွန်တော့်ရဲ့စိတ်တွေကို မီးကုန်ယမ်းကုန်ဖွင့်ထုတ်မိသွားသည်လေ..။
"ဦးတောင်းပန်ပါတယ် သည်းငယ်လေးရယ်..."
အဝတ်အစားလဲပေပြီးပြီမို့..နဖူးလေးကိုတစ်ချက်နမ်းလိုက်တယ်..။
"သား...နေမင်း...
ဒီမှာ ရေ...သားငယ်လေးကိုတိုက်လိုက်...
မနက်ကျမှ ဒေါက်တာကိုဇော်ကို လှမ်းခေါ်လိုက်မယ်...""ဟုတ်ကဲ့...မေမေ...
နောက်ထပ်ဘာလုပ်ပေးထားရဦးမလဲ?...""အနွေးထည်လေး ဝတ်ပေးထား..
နွေးနွေးထွေးထွေးဖြစ်အောင် သေချာသိပ်...""ဟုတ်..မေမေ...
သားကြောင့် မေမေအိပ်ရေးပျက်သွားရပြီ..
သားတောင်းပန်ပါတယ်...""ရပါတယ်..မေမေ ဆန်ပြုတ်လေးပြုတ်ထားလိမ့်မယ်...
မင်းကတော့ သားငယ်လေးအနားမှာနေ...
နည်းနည်းလင်းမှ ကိုဇော့်ကိုခေါ်လိုက်မယ်...
မေမေသွားပြီ...""ဟုတ်...မေမေ..."
မေမေထွက်သွားတော့မှ..ကလေးကို အနွေးထည်တစ်ထည်ထပ်ဝတ်ပေးလိုက်ပြီး..ကလေးဖက်ထားပေးလိုက်တယ်..။
...............................
"အင်း...ကျွတ် ကျွတ်....
ဦး...ဦး...ဘယ်ရောက်နေတာလဲ?..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့
Part-31
Start from the beginning