Epi-2

5.5K 422 13
                                    

Unicode

မြို့ရဲ့အလယ် အချက်အချာကျတဲ့နေရာတွေမှာ condoပေါင်းမြောက်များစွာ၊လုံးကျင်းတိုက်ပေါင်လက်ချိူးရေတွက်၍ပင်မရလောက်​သော
အရေအတွက်များ ပိုင်ဆိုင်ထားသည့်အပြင်  ဟိုတယ်တွေများစွာ ပိုင်ဆိုင်ထားတဲ့ အမျိူးသားတစ်ဦး

အလုပ်နဲ့ပတ်သတ်ရင်ဘယ်တော့မှ မျက်နှာလိုက်မှု့မရှိ၊သက်ညှာမှု့မရှိ၊စည်းကမ်းပေါင်းများစွာကို တင်းကြပ်စွာ ချမှတ်ထားရင်း ထိုအရာတွေအားလုံးကို ထိုသူတစ်ဦးထဲသာ ကိုင်တွယ်လုပ်ကိုင်သည်။ထိုသူသည် အရယ်အပြုံးအလွန်ပင်နည်းလှပြီး လုပ်ငန်းကိစ္စတွေနှင့်ပတ်သတ်၍ မိတ်ဆွေတွေနှင့်တွေ့ဆုံမှသာ တစ်ခါတစ်ရံ ပြုံးတတ်သည်။

ထိုအမျိူးသား ပြုံးလိုက်ချိန်တိုင်းလဲ မည့်သည့်မဒီမဆို တမ်းတမ်းစွဲ ဖြစ်ကုန်ရတတ်သည်။

ထိုအမျိူးသားသည်

"KHANT HOTEL"ဟု ခမ်းနားလှပစွာစာလုံးထွင်းထားသော ဟိုတယ်ထဲကို BMW Lastest BRAND အနက်ရောက်အမိုက်စားကားကြီးကိုစီးကာ ဝင်လာခဲ့သည်။ဟိုတယ်စင်ဝင်အောက်ကိုရောက်သည်နှင့် လုံခြုံရေးအရာရှိကြီးတစ်ယောက်က အပြေးအလွှားကားတံခါးလာဖွင့်ပေးသည်နှင့် ပြောင်လတ်နေသောရှုးဖိနပ်ကို ဝတ်ဆင်ထားပြီး တည်ကြည်ခံ့ညားသောရုပ်ရည်နှင့်ထိုအမျိူးသား ဆင်းလာခဲ့သည်။

ထိုသူကားထဲကနေအပြင်ရောက်သည်နှင့် Shareရှင်များ၊ဒါရိုက်တာများနှင့်အဖွဲ့မှုးများအားလုံးက ကိုယ်ကိုညွှတ်ကိုင်းတာ အရိုအသေပေးကြသည်။ထိုသူသည်လည်း အားလုံးကိုတစ်ချက်မျှသာ ဝေ့ကြည့်ပြီး ဘေးမှအတွင်းရေးမှူးနှင့်အတူ ရှေ့တည့်တည့်မှ ဓာတ်လှေကားအတွင်းသို့ဝင်ရောက်သွားတော့သည်။အတွင်းရေးမှူးဖြစ်သူကလည်း အစည်းအဝေးပွဲကျင်းပမည့် အပေါ်ဆုံးအထပ်ဖြစ်သော အထပ်30ကို သူ၏လက်အားအလုပ်ပေး၍ နှိပ်လိုက်သည်။

"ဒီအစည်းအဝးပြီးရင်ရော schedule ဘာတွေရှိသေးလဲ မနွေး"

အသံကြည်ကြည်နဲ့သြရှစွာ တိကျပြတ်သားတဲ့အမေးထွက်ပေါ်လာလို့ မေနွေးဖြူတစ်ယောက် လန့်ပင်သွားရတော့သည်။ သတိအမြန်ကပ်၍ နွေးတစ်ယောက် အမြန်ပင်ဖြေရတော့သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now