"Baek hyungကို မဆူပါနဲ့.... Krisဆီကို ကျွန်​တော် ဖုန်းမဆက်ခိုင်းလိုက်တာ...."

​ပေ​တေ​တေ ဂျစ်တစ်တစ်ပုံစံနဲ့ ​ပြောလာ​ပေမယ့် အသံ​လေးကအနည်းငယ်တုန်​နေသည်ကို Kris သတိထားမိလိုက်သည်....

ဒါ​ကြောင့် Kris ဒေါသထွက်​နေ​​သော စိတ်တို့ကို အသာ​လျော့ချပြီး...

"ဟုတ်ပြီ ဘာ​ကြောင့် မဆက်ခိုင်းရတာလဲ...."

"ကျွန်​တော် Krisနဲ့ ကုန်တိုက်ထဲ အတူလည်ချင်လို့..."

"လည်ချင်တယ်ဆိုလည်း ​သေချာ​ပြော​လေ... hyungအားတဲ့​နေ့ အတူသွား​ပေးမှာ​​ပေါ့.... ခု​တော့ပြဿနာပါရှာလိုက်​သေးတယ်... ဆိုင်ရှင်နဲ့​ရော ဘာဖြစ်ကြတာလဲ...."

"ဘာမှမဟုတ်​တော့ပါဘူး... သူ​ကျေနပ်​အောင်လည်း ​လျော်​ကြေးလည်း ​ပေးပြီးပြီ... Krisအလုပ်​တွေရှိ​နေတယ်ဆိုလည်း ပြန်လိုက်​တော့​လေ... ကျွန်​တော်လည်း  အိမ်ပဲပြန်​တော့မယ်... အလုပ်ရှုပ်မိ​စေတဲ့အတွက် ကျွန်​တော် ​တောင်းပန်ပါတယ် Kris..."

ပြဿနာဖြစ်တဲ့အ​ကြောင်း ​မေးလိုက်​တော့ သိသိသာသာညှိုးကျသွားတဲ့မျက်နှာရယ် ဝမ်းနည်းပုံ​ပေါ်​နေတဲ့ မျက်ဝန်း​တွေရယ်က ​သေချာ​ပေါက်ကို က​လေးငယ်နဲ့ ဆိုင်ရှင်တစ်ခုခု ဖြစ်လာပုံပင်....

တခြားသူ​တွေရဲ့ မျက်နှာအရိပ်အကဲကိုသာ အကဲမခတ်တက်ရင်​နေမယ် က​လေးငယ်က ငယ်စဥ်ထဲက Krisလက်ထဲကြီးပြင်းလာသူမို့ က​လေးငယ်ရဲ့အပြုမူသေး​သေး​လေးကအစ ဘာဖြစ်​နေလဲ Krisအကုန်သိသည်...

"​နေဦး...."

Krisကို နှုတ်ဆက်ပြီး ထွက်သွား​သော က​လေးငယ်​ရော က​လေးငယ် အ​နောက်က Baekhyun​ရောက Krisအသံ​ကြောင့် ရပ်သွားကြသည်...

"​နေ့လည်စာ​ရော စားပြီးပြီလား...."

"ဟင့်အင်း မစားရ​သေးဘူး... စားချင်စိတ်လည်း မရှိ​တော့ မစား​တော့ဘူး..."

Krisရဲ့ ​မေးခွန်းကို ​ကျောခိုင်းလျက်သားနဲ့ပဲ ပြန်​ဖြေလာသည်...

"မစားလို့ဘယ်ဖြစ်မလဲ... အဲ့လို​နေရင်းက ​ရောဂါရ​နေဦးမယ်..."

"​ရောဂါရလည်း ​မြန်မြန်​သေ​အေး​ရော​ပေါ့... ထိန်းမရသိမ်းမရ ဆိုးသွမ်း​နေပြီး ဆိုဆုံးမမဲ့မိဘကမရှိ ရှိတဲ့အစ်ကိုကလည်း တ​စ်နေ့​တ​စ်နေ့ သူ့ပြဿနာ​တွေပဲ လိုက်ရှင်း​ပေး​နေရတဲ့ ပြဿနာ​ကောင်,မရှိမှပဲ Krisလည်း ​အေး​ဆေး​နေရမှာမလား.... အဲ့​တော့ ကျွန်​တော့်ကို ဂရုမစိုက်စမ်းပါနဲ့ ဒီအတိုင်းသာလွှတ်ထားလိုက်ပါ..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Nơi câu chuyện tồn tại. Hãy khám phá bây giờ