🚨🚨 Arc 2.5 🚨🚨 ရှောင်မန်ချူး

20.5K 1K 40
                                        

[Unicode]

ညနေဘက်...

" လင်းကော ကျွန်တော် ပစည်းတစ်ခု အိမ်ရှေ့စံဆီမှာ ကျန်ခဲ့လို့ အဲ့တာ သူ့အဆောင်ကိုသွားပြီး ပြန်ယူလာပေးပါလား။ "

" အင်း အခုသွားပေးရမလား "
( အမလေး တက်ကြွနေတာ )

" အခုသွားပေ‌းနော်။ ပြီးတော့ အိမ်ရှေ့စံက ကောကို ရေနွေးကြမ်းတို့ ဘာတို့နဲ့ ဧည့်ခံရင်လည်း သောက်ပြီးမှပြန်လာခဲ့။ မဟုတ်ရင် အားနာစရာကြီး "

" အင်းပါ အာ့ဆို သွားပြီနော် "

ဒေါက် ဒေါက် ဒေါက်

" ကျွန်တော် ကိုယ်ရံတော်လင်းပါ မန်ချူးသခင်လေးရဲ့ ပစည်းလာယူခိုင်းလိုက်လို့ပါ "

" ဝင်ခဲ့လေ "

အိမ်ရှေ့စံရဲ့ မျက်နှာက ပကတိတည်ငြိမ်နေပုံပေါက်ပေမယ့် သေချာကြည့်မယ်ဆိုရင် လက်ချောင်းတွေ တုန်ရီနေတာကို တွေ့ရလိမ့်မယ်။

" အိမ်ရှေ့စံကို အရိုအသေပြုပါတယ် "

" အင်း ကိုယ်ရံတော်လင်း ထိုင်ပြီး ရေနွေးကြမ်းလေး သောက်သွားပါဦး "

" အမိန့်အတိုင်းပါ အိမ်ရှေ့စံ "

" ကိုယ်တော် အခု ရှောင်ချုးနဲ့ လက်မဆတ်ရတော့ဘူးနော် "

" ကျွန်တော် သိထားပါတယ် အရှင့်သား "

" အဲ့တာ ကိုယ်တော်အရင်က ပြောထားတဲ့ ကိစဘယ်လိုသဘောရလဲ "

" အရှင့်သား ကျွန်တော့ကို ချစ်တယ်ဆိုတာလား "
( ဟဲ့ တဲ့တိုးကြီး သွားပြောရလား? )

" အမ် ဟုတ် ဟုတ်တယ် "

" ဟက် ‌ချစ်ဖို့ကောင်းတယ် "

" ဟမ် ? "

" ကောတစ်ကယ် မရိပ်မိဘူးလား "

" ဘာကိုလဲ "

" ကျွန်တော်လဲ ကောကိုချစ်နေတယ်ဆိုတာလေ "

" မင်း မင်းတစ်ကယ် ပြောတာလား? "

" တစ်ကယ်ပါ မဟုတ်ရင် စိတ်ကြွဆေးပါတဲ့ ဒီရေနွေးကြမ်းကို ကျွန်တော် ဘာလို့သောက်မှာလဲ ? "

အိမ်ရှေ့စံ မျက်နှာက ဆေးဆိုးထားသလို ဖြန်းခနဲ နီရဲတက်သွားတယ်။

My man ( System Own Creation )Where stories live. Discover now