Final

1.1K 140 42
                                    

Uni

လင်းထက်ရဲ့ခေါင်းပေါ်မှာ Question Markတွေအများကြီးပေါ်လာသည်။ စက်ရှိန်က သူ့အိမ်ကိုလာနေစရာ ဘာအကြောင်းရှိလို့လဲ။

“ဒေါက်တာ။ အပေါက်ဝကဖယ်ဦးမှာလား။”

“အယ်....နေပါဦး။ မင်းကဘာလို့ ဒီမှာလာနေမှာလဲ။”

“ဟာဗျာ ဒေါက်တာပဲလာနေဆို။”

“မဟုတ်.......အဲတာကဒီတိုင်း......”

“အာ..........ဒေါက်တာကလည်း ပြောပြီးစလစ်နံပါတ်၁ပဲ။ ဘာမှပူမနေပါနဲ့။ အိမ်လခကိုကျွန်တော်ရှင်းပါ့မယ်။ ကျွန်တော်ထောတာသိတယ်မို့လား။”

“အေးပါကွာ။ ဒါနဲ့ မင်းလာနေမယ်ဆိုတော့ မင်းမိန်းမကရော။”

“ဒေါက်တာ ထမင်းစားနေတာလား။”

စက်ရှိန်က စကားလမ်းကြောင်းလွှဲလိုက်တာမို့ သူတကယ်မပြောချင်တာမှန်း လင်းထက်ရိပ်မိပါသည်။ ခုနကအကြောင်းကို ခဏမေ့ထားကာ ထမင်းဝိုင်းဆီပြန်လှည့်သည်။

“အင်းလေ။ ငါစားနေတာ။ မင်းရော စားပြီးပြီလား။"

"ပြီး.....အာ...မပြီးသေးဘူး။ ကျွန်တော် ဒီမှာစားလို့ရတယ်မလား။”

ပါးစပ်ကသာခွင့်တောင်းနေတာ လူကထိုင်ပြီး ထမင်းတောင်ခူးနေပြီဖြစ်သည်။ လင်းထက်က မကျေမနပ်ကြည့်လိုက်ကာ ခုနကထမင်းကိုဆက်စားလိုက်သည်။ သူ့ရှေ့ကကောင်လေးကြောင့်ထင်ပါသည်။ ခုနက စားမဝင်သည့်ထမင်းတောင် အခုတော့ စားကောင်းနေပြီဖြစ်သည်။

“ကျွန်တော် ဒေါက်တာနဲ့ပဲတူတူအိပ်မယ်လေနော်။ ရတယ်မို့လား။”

စားရင်းသောက်ရင်းရုတ်တရက်ထ,ပြောလိုက်သော စက်ရှိန်စကားကြောင့် လင်းထက် ထမင်းသီးမလိုပင်ဖြစ်သွားသည်။

“ငါ.......ငါ အဲ့လိုမအိပ်တတ်ပါဘူး။ မင်းကလဲ။ တခြားနေရာသွားအိပ်စမ်းပါ။ အခန်းကဒီတစ်ခန်းပဲရှိပေမဲ့လို့ အိမ်ပေါ်ထပ်တစ်ထပ်လုံးကျန်သေးတာပဲကို။”

“ကျွန်တော့်မှာ စောင်တွေအပိုမှပါမလာတာ။ ခေါင်းအုံးတောင် ဘယ်လိုလုပ်ရမလဲမသိဘူး။”

လင်းထက်က အတူမအိပ်ချင်ပေမဲ့ စက်ရှိန်ရဲ့သနားစရာမျက်နှာလေးကိုကြည့်ပြီး မတတ်နိုင်စွာပဲခွင့်ပြုလိုက်ရသည်။

All my life time with you(Completed)Where stories live. Discover now