Part(1)

2.1K 146 48
                                    

Uni

ကုတင်ပေါ်သို့ အားရပါးရလှဲချလိုက်သည်။ တစ်ကိုယ်လုံးမှ တောင့်တင်းနေသော အကြောတွေနှင့်အဆစ်တွေသည် တဗြုတ်ဗြုတ်မြည်လျှက် ခန္တာကိုယ်သည် ခုတင်နှင့်နေသားကျသွားသည်။ အလွန်တရာမှသက်တောင့်သက်သာဖြစ်သော ခံစားချက်လေးကြောင့် အနည်းငယ်ငြီးတွားမိကာ မျက်လုံးတွေကိုမှိတ်လိုက်သည်။

သူအိပ်နေသည့်နေရာသည် ဆေးခန်းကခုတင်ဆိုတာကိုလည်း မေ့နေသည့်ပုံပင်။ တစ်နေ့လုံးဆေးခန်းရှင်းတာ၊ သန့်ရှင်းရေးလုပ်တာအပြင် ပစ္စည်းတွေပါရွှေ့ထားရတော့ သူ့တစ်ကိုယ်လုံးသည် သနားစရာဖြစ်နေသည်။ ဆေးခန်းအပြင်ကိုထုတ်မချိတ်ရသေးသော ဆိုင်းဘုတ်အသေးလေးကိုကြည့်လိုက်သည်။ ဒေါက်တာလင်းထက် ဟူသောနာမည်လေးသည် ဆိုင်းဘုတ်ပေါ်မှာထင်းလျှက်။

ဒီနေ့ပင် ဒီမြို့လေးသို့ရောက်လာသည်ဖြစ်ရာ အရာရာသည် သူ့အတွက်စိမ်းကားနေလေသည်။ ဒီဆေးခန်းအသစ်လေးကအစ၊ သူငှားနေမည့်အိမ်လေးအဆုံး အရာရာဟာ သူစိမ်းပြင်ပြင်နှယ်။ ဝန်ထမ်းဖြစ်ပြီဆိုမှတော့ တာဝန်ကျသည့်နေရာမှာနေရတာက သဘာဝပင်။ဒါကြောင့်လဲ ရန်ကုန်ကနေ ဝေးလံတဲ့ဒီနယ်မြို့လေးအထိ ပင်ပင်ပန်းပန်းပြောင်းလာရတာပေါ့။

ဒီမြို့လေးနာမည်က “သရက်”တဲ့။ စားရသည့်အသီးနာမည်နှင့်တူ၍ ခဏလောက်ရယ်မိသေးသည်။ ၈တန်းပထဝီမှာ သင်ခဲ့ဖူးတာမို့ သိပ်တော့မစိမ်းတဲ့နာမည်လေးဖြစ်သည်။ နယ်မြို့လေးဆိုသည့်အတိုင်း အစစအရာရာအေးချမ်းပါသည်။ ဧရာဝတီမြစ်ကြီး၏အနောက်ဘက်ကမ်းမှာရှိတာမို့ သူဆန္ဒရှိရင်ရှိသလို မြစ်ကိုသွားကြည့်လို့ရ‌ပါသေးသည်။

သူဒါတွေကိုတော့ သဘောကျပေမဲ့ သူစားနေကျ အစားအသောက်မျိုးစုံမရှိတာတော့ ဝမ်းနဲရသည်။ ခုတော့သူဟာ မိဘအပေါင်းအသင်းတွေနှင့်ဝေးရာနယ်မြို့လေးမှာ တစ်ယောက်တည်းဖြစ်နေလေပြီ။ ပစ္စည်းပစ္စယာတွေစုထားသော အိတ်လေးကိုဆွဲမ,ကာ ငှားထားသောအိမ်ကလေးဆီသို့ ဦးတည်သည်။ နေရာနှစ်ခုစလုံးသည် တစ်ရပ်ကွက်ထဲမှာမို့ ဆေးခန်းနဲ့အိမ် သွားရလာရလွယ်ကူလှသည်။

ပင်ပန်းနေ၍လားမသိ။ တစ်ညတာသည် လွယ်ကူစွာပင် ကုန်ဆုံးသွားလေသည်။ နောက်တစ်နေ့အရောက်မှာတော့ ဂျူတီကုတ်နှင့်တကွ ရှိသမျှအဝတ်အစားတိုင်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်တော့သည်။ ပထမဆုံးနေ့မလို့ အလွန်တက်ကြွသည့် ကြက်ဖလေးဖြစ်နေသည်။ ဆေးရုံကပြန်လာတော့လည်း အနားမနေရပါ။ ရေအမြန်ချိုး၍ ဆေးခန်းလေးဆီပြေးရပြန်သည်။ ငှားထားသော သူနာပြုမလေးက ပြုံး၍နှုတ်ဆက်သည်။ သူမ သည်လည်း တက်ကြွနေတာကို သူမြင်နေရသည်။

All my life time with you(Completed)Where stories live. Discover now