Part(4)

817 130 11
                                    

Uni

အတွေးလွန်နေတဲ့အခါ ကမ်ဘာလောကကြီးကတိတ်ဆိတ်နေတတ်တယ်တဲ့။ ဒီလိုပဲ။ လူတွေရဲ့ သောကတွေနဲ့ ဆူညံနေတဲ့ ဒီဆေးရုံကြီးဟာ သူ့အတွက်တော့ တိတ်ဆိတ်နေတယ်။ မနက်ကစလို့ ဒီအချိန်အထိ ဘယ်လူနာတွေလာလို့ သူဘာတွေကုပေးခဲ့ရလဲဆိုတာ ဘာတစ်ခုမှသူမမှတ်မိတော့။ သူသတိထားမိတဲ့အချိန်မှာ သူဟာ ထိုင်ခုံလေးတစ်ခုမှာ ခြေချိတ်ပြီးထိုင်နေမိတာပါပဲ။ လက်ကိုလည်း ခြင်တွေကိုက်ထားလိုက်တာ ဘုတွေထ,လို့။

သူတိုးတိုးလေး ဆဲရေးမိသည်။ ဒီလောက်ကိုက်ခံထားရတာကိုတောင် သူဘာလို့သတိမထားမိရပါလိမ့်။ လက်တစ်ဖက်လုံးယားယံနေပြီဖြစ်တာကြောင့် ဆေးရုံအနောက်ကရေကန်ဆီသွားကာ လက်ကိုဆေးနေလိုက်သည်။ ရင်ခွဲရုံက ရေကန်ရဲ့မလှမ်းမကမ်းမှာဆိုတာ သတိရနေပေမဲ့လည်း သူနဲနဲလေးမှမကြောက်ဖြစ်တော့။ လက်ကိုစိမ်ပြေနပြေဆေးနေရုံမျှမက တိမ်တစ်စမှမရှိပဲ ပြာတောက်နေသောကောင်းကင်ကြီးကိုလည်း မကြည်သလိုမော့ကြည့်ခဲ့သေးသည်။

ပုစၧာမဟုတ်တဲ့အရာတစ်ခုကို ထပ်တလဲလဲတွေးပြီး အဖြေရှာဖူးလား။ သူတော့အခု အဲဒီလိုဖြစ်နေတယ်။ မင်းစက်ရှိန်မှာ မိန်းမရှိတယ်ဆိုတာကိုပဲ သူ့ဦးဏှောက်ကထပ်တလဲလဲတွေးနေတယ်။ ဒီအမှန်တရားက ပုစၧာတစ်ပုဒ်မှမဟုတ်ပဲ။ ဒါပေမဲ့ သူအဖြေရှာနေချင်မိတယ်။ ဒီလိုမျိုးတွေးနေလို့ ဘာများထူးခြားလာလဲဆိုရင် ဘာမှမထူးခြားလာပါဘူး။ သူ့မှာသက်ပြင်းတွေခဏခဏချမိတာရယ် ထိုင်းမှိုင်းနေတာလေးရယ်ကလွဲလို့ပေါ့။

မှန်မှန်ဝန်ခံရရင် ဒီဟာကိုကြားပြီးတော့ သူမင်းစက်ရှိန်ကိုမကျေနပ်တာလည်း အမှန်ပဲ။ ဒါပေမဲ့ ဘာလို့လဲဆိုတာ ရေရာတဲ့အဖြေကို ရှာလို့မရ။ အမှန်ဆို သူနဲ့မင်းစက်ရှိန်နဲ့က လူနာနဲ့ဆရာဝန်ပဲလေ။ဒီလောက်ပဲ။ အင်း။ ဒီလောက်ပဲလို့တွေးနေပေမဲ့လဲ ဒီ့ထက်ပိုနေတယ်လို့ ယုံကြည်ချင်နေတဲ့ သူ့စိတ်က တစ်ခုခုမှားနေတာများလား။ ဒီလို ခံစားချက်မျိုးက အချစ်ကလွဲပြီး တခြားသောအရာမရှိနိုင်ရင်တောင် သူ.....တကယ်ပဲမင်းစက်ရှိန်ကိုချစ်မိသွားတာလား။

ခေါင်းထက်ကဆံပင်ကို ရှုပ်ပွသွားအောင်ဖွလိုက်သည်။ စိတ်အခြေအနေနှင့်လိုက်၍ ဆံပင်ကလည်းပွရှုပ်နေသည်။ ဆေးခန်းကိုဘယ်လိုသွားခဲ့ပြီး ထမင်းကိုဘယ်လိုမျိုချခဲ့မှန်းတောင်မသိ‌တော့။ သူအချိန်တိုင်းတွေးမိနေတာက ‘ဒီအချိန်ဆို စက်ရှိန်နဲ့ အဲဒီကောင်မလေး ဘာများလုပ်နေမလဲ’ ဆိုတာကိုပဲဖြစ်သည်။ သူအဲ့လိုအတွေးတွေကို မောင်းထုတ်ချင်လွန်းလို့ ရူးရပါတော့မည်ဆိုလျှင် သူများတွေယုံချင်မှ ယုံကြပါလိမ့်မည်။ ဒါပေမဲ့ သူတကယ်ကိုပဲ ပူလောင်ပြီး ရူးချင်နေပြီဖြစ်သည်။

All my life time with you(Completed)Opowieści tętniące życiem. Odkryj je teraz