ရာဟု က သော်က ညာဖက်လက်ကို ဆုတ်ကိုင်ထားကာ နှဖူးမှ ချွေးများ ကို
သုတ်ပေးရင်းမှ ဖြေ သည်။

"ကိုယ့်တော့ လူ
ဒီဃ သော်က တဲ့"

ဘေးကရပ်နားထောင်နေသူ အေးပု မှာ
ယောင်ပြီး ခေါင်းခု ကို ပါးစပ်နှင့်
ကိုက်လိုက်မိသဖြင့် 'အွတ်' ခနဲ
အသံထွက်သွားလေတော့

ခေမာ က စူးစူးရဲရဲ ကြည့်ကာ

"အေးပု နင် အပေါ်မတက်ဘူးလား"

"ဟုတ် ဟုတ် မကြီးခေမာ အေးပု
အပေါ်တက်မှာပါ"

ပြောရင်း အေးပု မှာ ရေအိုးထဲ က ရေကို အကုန်သွန်ချကာ အိုးအလွတ်ပိုက်၍
လှေကား နှစ်ဆင့်ကျော်ကာ တက်ပြေးသွားလေသည် ။

'မကြီး ခေမာ မျက်လုံး ကြီး က
ကြောက်စရာကြီး
ဒါနဲ့ အစ်ကိုလေး သော်က က
အစ်ကိုကြီး ရာဟု လူတဲ့လား
ဟိဟိ ..ဘာတွေတုန်း'

အေးပု ကား မိမိကို သုံးယောက်လုံး
မမြင်နိုင်သည် ဟု ထင်သည့်
တံခါးရွက်​နောက်မှ အသာလေး ကပ်ကာ ချောင်း၍ နားထောင်သည် ။

အေးပု အပေါ်တက်သွားပြီးသည့်နောက် ..

ခေမာ မဒီဆိုသော အမျိုးသမီး က
ရာဟု ၏ မတင်မကျ အဖြေ ကို
မျက်ခုံးနှစ် ခု တန်း သွားသည် အထိ
ကျုံ့ လိုက်ကာ ရာဟု ကို
နားမလည်နိုင်စွာ ကြည့်သည်။

"ကိုယ်တော် စောင့်ရှောက်ရမယ့်သူ
ခေမာ"

"ဘယ်လိုနည်းနဲ့လည်း
ခေမာ က တော်ရုံ ဆို ဒီလောက်ထိ
စပ်စုတက်တဲ့ အမျိုးသမီး
မဟုတ်ဘူးဆိုတာ
မောင်ကြီးရာဟု သ်ိမှာပါ"

ခေမာမဒီသည် သော်က တို့
စကားဝိုင်းတွင် လွှမ်းမိုး နိုင်ဆုံး
လူဖြစ်သည်။
ဝင်လာသည်မှ ၅ မိနစ် မရှိသေး
ရာဟုနှင့် သော်က ဆက်ဆံရေး ကို
က ကြီးမှ အစ အ အထိ
ဝင်ရောက်ကြည့်ရှုရန်လုပ်နေချေပြီ။

"ရာဟု ဘယ်လိုတွေ ပြောနေတာ လဲ
ခေမာ့ ကို မစပါနဲ့...
ကျွန်တော်က ဒီဃသော်ကပါ ခေမာ
ကျွန်တော့အကြောင်း ကြားထားမယ်လို့ထင်ပါတယ် မင်းတရားကြီး အမိန့်အရ
ကျွန်တော် အသက် ၁၈ ပြည့်သည်အထိ ရာဟုက စောင့်ရှောက်ရမည့်တာဝန်ပါ"

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now