တစ်နေ့လုံး စိတ်တွေလည်း မကြည်တာကြောင့် ဆက်ဆံရေးတွေလည်း သိပ်အဆင်မပြေ။သူ့ပုံစံက မုန်ယိုနေတဲ့ဆင်တစ်ကောင်လို မဲမဲမြင်ရာလိုက်ခွေ့နေသည့်အတိုင်းပင်။

စောင်ခြုံထဲဝင်တိုးကာ မျက်စိကိုအတင်းဖိပိတ်၏။ ဝင်လာနေကျအတွေးတွေ တရစပ်ထွက်လာချိန်မှာတော့ သူအိပ်လို့မရတော့။ ဖုန်းကိုပဲ ဖွင့်ကာ ဟိုဟိုဒီဒီကြည့်နေလိုက်သည်။ ဒီလိုနဲ့ အိပ်ရေးမဝသည့်နေ့တွေကခပ်များများရယ်။ အခုဆို သူ့မျက်လုံးအောက်က မဲမဲအကွင်းလေးတွေသည် သူ့မူပိုင်အမှတ်အသားအလား အခိုင်အမာကို တည်ရှိနေကြသည်။ သူလုံးဝမပျော်တော့။

ဖြစ်နိုင်လျှင် မင်းစက်ရှိန်ဆိုသည့် အကောင်ကိုပင် သွားသတ်ချင်မိတော့သည်။ နောက်တော့လည်း ဒီအတွေးတွေဝင်လာတာနဲ့တစ်ပြိုင်နက် သူအာရုံပြောင်းပစ်လိုက်သည်။ တီဗွီကြည့်တာမျိုး၊ နင်းကန်စားနေတာမျိုးပေါ့။ ဒါနဲ့မှမရသေးရင် နှုတ်ခမ်းကိုနာအောင်ကိုက်ပစ်လိုက်တာမျိုးလည်း လုပ်တတ်သည်။ တစ်ခါတလေ လမ်းဘေးခွေးတွေကိုလည်း ခေါ်ပြီးအစာကျေွးနေတတ်သည်။ ရက်နဲနဲကြာလာလို့ထင်သည်။ ဒီလိုအရာတွေနဲ့ နေသားကျသွားတော့လည်း သူအရင်လိုမျိုး ရူးချင်စိတ်တွေဖြစ်မလာတော့ပါ။

ဒါပေမဲ့ မင်းစက်ရှိန်ကိုတော့ သူ့ရှေ့ကိုထပ်ပြီးပေါ်မလာစေချင်တော့။ သူရှောင်နေချင်မိသည်။ တကယ်လို့ စက်ရှိန်သာပေါ်လာရင် သူ့စိတ်တွေပိုဆိုးကုန်မှာ သူအရမ်းကြောက်သည်။

“ဒေါက်တာရေ။ ဒေါက်တာ.......”

ရှောင်ချင်ပါသည်ဆိုမှ တန်းတန်းမတ်မတ်ကို‌ ရောက်လာသောကောင်လေးကြောင့် သူအကျယ်ကြီးသာအော်ပစ်လိုက်ချင်တော့သည်။ တံခါးသွားဖွင့်ပေးလိုက်တော့ စက်ရှိန်က သူ့ကိုတိုးတိုက်ပြီးဝင်သွားလိုက်တာ မသိရင် ကိုယ့်အိမ်ကိုယ့်ယာအတိုင်း။

“ဘာလာလုပျတာလဲ။”

“ဆေးလာကုတာပေါ့။ ‌ဒေါက်တာဆေးခန်းပိတ်ထားတယ်ဆိုလို့ အိမ်အထိလိုက်လာတာ။”

စက်ရှိန်မျက်နှာက ခါတိုင်းမြင်နေကျထက် အနဲငယ်ပို၍မှုန်ကုပ်နေသည်။ သူဆေးခန်းပိတ်ထားတာကိုပင် သိပ်မကျေနပ်သည့်အလား။

All my life time with you(Completed)Where stories live. Discover now