"ဟင်!..သြော်...အေးအေး..."
"အဲ့တာဆို ငါတို့သွားတော့မယ်နော်.."
"အေးအေး..."
ဒီကောင် ရူးသွားတာလား...
ကျွန်တော့်ကို အခုတောင်းပန်သွားတာလား...
ထွန်းလင်းဇော်လို တဇွတ်ထိုးသမားကလေ..."ဝေလင်း...ထွန်းလင်းဇော် ရူးနေတာလား...
ဒါမှမဟုတ်..ငါပဲ နားကြားလွဲတာလား...""မင်းကြားတာ အမှန်ပဲ..."
"ဟင်...အဲ့တာဆို သူရူးသွားတာလား..."
"သူ့မှာလည်း သူ့အကြောင်းနဲ့သူရှိလို့နေမှာပါကွာ..."
"သူ့အကြောင်းနဲ့သူ?...ဟုတ်လား...
မင်းတစ်ခုခုကို သိထားတယ်မဟုတ်လား...""မ..မသိပါဘူးကွာ..."
"ပြော...ဝေလင်း မင်းငါ့ကို မင်းသိထားတာတွေ အခုပြောပြ..."
"ငါမသိပါဘူးဆိုကွာ..."
"ဝေလင်း!...မင်းမပြောဘူးလား..." လို့ ပြောပြီး ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ သူရဖုန်းမြင့်ကြောင့်..အနီးနားမှာရှိနေတဲ့အုတ်ခုံပေါ်မှာထိုင်လိုက်ပြီး...
"မင်းလူကြီးက အချိန်ရသေးတယ်မလား..."
"ရတယ်...မင်းပြောပြတော့..."
"အင်း...ဟို..ဟို...ဦးနေမင်းဧကရာဇ်ကိုတော့ ပြန်မပြောနဲ့နော်..."
"ဦးနဲ့က ဘာဆိုင်လို့လဲ?...
ဟင်း.....ရတယ်ကွာ...မပြောဘူး မပြောဘူး...""အင်း...ဒီလိုကွာ...
မင်းကို ထွန်းလင်းဇော်မကောင်းကြံတဲ့နေ့ကို မင်းသိတယ်မလား...""အင်း..သိတယ်..."
"အေး...အဲ့နေ့က ထွန်းလင်းဇော်အိမ်ပြန်တော့..
ချောင်းရိုက်တာခံလိုက်ရတယ်...""ဟမ်...ချောင်းရိုက်တယ်..."
"ဟုတ်တယ်...သူအိမ်ပြန်တဲ့အချိန်က လင်းသေးတယ်...
ဒါပေမဲ့..သူချောင်းရိုက်ခံလိုက်ရတယ်...
ချောင်းရိုက်လိုက်တဲ့သူကလေ..
မင်းဘယ်သူလို့ထင်လဲ?..""ငါက ဘယ်သိမှာလဲ?..ဘယ်သူလဲ?..."
"ဦး..ဦးနေမင်းဧကရာဇ် ပဲ..."
"ဟမ်!!..."
"ဟုတ်တယ်...
ထွန်းလင်းဇော်ရဲ့ဆိုင်ကယ်ရှေ့ကို သူ့ရဲ့ဆိုင်ကယ်နဲ့ပိတ်ရပ်ပြီး...ပါလာတဲ့ ဘေ့စ်ဘောတုတ်နဲ့ဆော်သွားတယ်တဲ့...
လက်ကျိုးသွားတယ်လို့ပြောတယ်...
၁လလောက် ပတ်တီးစီးလိုက်ရတယ်တဲ့..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့
Part-25
Start from the beginning