"ဟုတ်ကဲ့ပါဗျာ။ ကျွန်တော် ဒီမှာနေဖို့စဉ်းစားပါ့မယ်။"
"ဒေါက်တာ......."
ခပ်ရှရှခေါ်သံလေးကိုကြားလိုက်တော့ ခြေလှမ်းတွေက အခန်းပြင်ထွက်ဖို့ autoလှမ်းမိပြီးသားဖြစ်နေသည်။ ဒါပေမဲ့ ဟိုတစ်နေ့ကမြင်ကွင်းကို စိတ်မကျေနပ်သေးတာကြောင့် ထိုင်ခုံမှာပဲ ပြန်ထိုင်ပြီး လူနာစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်နေလိုက်သည်။ ဒီကောင်လေး, လမ်းမကြီးမှာ မြင်မကောင်းအောင်ကို မိန်းမရှုပ်ရလား။ ပလူးချင်ရင် ပန်းခြံသွားပါလား။ လမ်းမကြီးမှာမှ သူ့ကိုကောင်မလေးက လိုက်ချော့ရတယ်လို့။ ဟင်း, သူကဘာမို့လို့ လိုက်ချော့ရတာလဲ။ ငါသာဆို လိုက်မချော့ဘူး အဲ့ကောင်ကို။ သူ့ဟာသူစိတ်ဆိုးရုံမကလို့ ဘာပဲဖြစ်ဖြစ်။
"ဒေါက်တာ........"
သူ့ရဲ့စိတ်မရှည်သလို ခေါ်သံကြောင့် ကျွန်တော်လည်း စိတ်မရှည်သည့်အကြည့်ဖြင့်ပင် ပြန်ကြည့်ပေးလိုက်သည်။ မျက်လုံးနှစ်ခုဆုံရာမှာ မီးပွားတွေများ ထပွင့်နေပြီလားမသိ။ ဒီတစ်ခါမှာတော့ သူကအရင်ခေါင်းငုံ့ကာ အကြည့်လွှဲသွားတာမို့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်သွားမိသည်။
"ဘာဖြစ်လာပြန်ပြီလဲ။"
တစ်ကိုယ်လုံးအကောင်းကြီးရှိတာမို့ ဒီတစ်ခါတော့ ရန်ဖြစ်လာတာမဖြစ်နိုင်။ သေချာကြည့်လိုက်တော့ လက်ချောင်းတစ်ချောင်းကို အဝတ်စပတ်တီးခပ်ထူထူဖြင့် ပတ်ထားသည်။ ကြည့်ရတာ တော်တော်ပြင်းပြင်းဓားရှမိတာနေလိမ့်မည်။
"ကျွန်တော် ဓားရှသွားလို့။"
"ငါမအားဘူး။ ဆရာမလုပ်ပေးလိမ့်မယ်။ ဆရာမရေ။ သူ့ကိုလုပ်ပေးလိုက်ပါဦး။"
"ဟေ့လူ။ခင်ဗျားကဆရာဝန်လေ။ ဘာလို့nurse ကိုလုပ်ခိုင်းရတာလဲ။"
"ဟေ့ကောင်။ nurseက ဆေးထည့်တာ ငါ့ထက်တောင်ပိုကျွမ်းသေး။ ငါမအားသေးဘူး။"
လူနာမှတ်တမ်းစာအုပ်ကြီးကို ခပ်တည်တည်ကိုင်ကာ အလုပ်ရှုပ်သလိုလုပ်နေလိုက်သည်။ ဒါကိုပင် ဒီလဒကမကျေနပ်နိုင်ဘဲ ပြဿနာကရှာသေးသည်။
"မရဘူးဗျာ။ ဒေါက်တာမဟုတ်ရင် ဆေးထည့်ခွင့်မပေးနိုင်ဘူး။"
Part(3)
Start from the beginning