Chapter 7

1.4K 210 10
                                    

[Unicode]

ဆရာအမတ်

အလန့်တကြားနဲ့ ဆရာအမတ်ချီ သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူဟာ ခေါင်းလှည့်ပစ်လိုက်ကာ ရှန်ကျီချွမ်းကိုကြည့်ဖို့ ငြင်းဆန်​နေ​လေ၏။ သူက ဒီ​နေရာမှာ နှစ်နှစ်​ဆယ်တောင် အကျဥ်းကျခံခဲ့ရပြီး ဒီ​နေရာပြင်ပကသူမှန်သမျှ မုန်းတီး​နေခဲ့သည်။ သို့​ပေမယ့် ဒီည​တော့ ဒီရန်သူ့သားကို မမုန်းတီးဖို့ သူ့ကိုယ်သူ တိုက်တွန်း​နေရသည်။

''ဒါဆိုရင်...'' ဆရာအမတ်ချီရဲ့အသံက ကြေကွဲဝမ်းနည်းဖွယ်​ကောင်း​နေ​လေ၏။ ''ဒါဆိုရင် ငါ အခု ဘယ်သူ့ကိုသတ်ရမှာလဲ?''

ဆီးနှင်းက တိတ်တဆိတ် ကျဆင်းကာ ဝန်းအတွင်းရှိ ကျီးကန်းက သစ်ကိုင်းမှ အ​ဝေးကိုထပျံသွား​လေ၏။ ဟောင်းနွမ်းစုတ်ပြဲ​နေ​တဲ့ လိုက်ကာစက လေတိုက်လိုက်တိုင်း လှုတ်ခတ်သွားလျက်။ ဆရာအမတ်ချီ တုန်တုန်ယင်ယင်နှင့် ထရပ်လိုက်ကာ သူ့လက်​တွေကို ဖြေမဆည်နိုင်စွာ အ​ပေါ်​မြှောက်ထားရင်း ဒယိမ်းဒယိုင်လျှောက်​လေ၏။

''အံစာတုံးကို ခေါက်ပြီး​​နေပြီ! အောင်နိုင်သူက ဘုရင်ဖြစ်လာပြီး ရှုံးနိမ့်သူက ပုန်ကန်သူဘဲ။ အရှင့်သားရဲ့  ကြီးမြတ်လှတဲ့နာမည်လည်း ပျက်သုဥ်းသွားပြီး မင်းနဲ့ငါကတော့ ဆွေစဥ်မျိုးဆက် ပြစ်တင်ရှုံ့ချခံ​နေရမယ့် သစ္စာ​ဖောက်​တွေတဲ့​လေ! ငါ ဘယ်သူ့ကို သတ်ရမလဲ? ငါ န​ဝေတိမ်​တောင်နဲ့ မျက်ကွယ်ပြု​နေတဲ့ ကောင်းကင်ဘုံကို သတ်ပစ်မယ်! လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဒီ​နေရာမှာ အရှင့်သားရဲ့​သွေး​ မြေခခဲ့ရပြီ။ ငါတို့ ဘာအမှားလုပ်ခဲ့သလဲ? ဧကရာဇ်က ငါတို့ကို သုတ်သင်ပစ်ရ​လောက်​အောင် စာနာစိတ်မရှိလိုက်တာ!''

ဆရာအမတ်ချီရဲ့မျက်နှာ​ပေါ် မျက်ရည်များ စီးကျလာ​တော့သည်။ စူ့ခန္ဓာကိုယ်က တုန်လှုပ်လာကာ သူဟာ ခန်းမအဝမှာ ဒူး​ထောက်လိုက်ပြီး ကြမ်းပြင်ကို သူ့ဦး​ခေါင်းနဲ့ ထပ်တလဲလဲ ဆောင့်​နေ​တော့သည်။ 

''ငါ့ကိုပါ အခုသတ်လိုက်!''

ဆီးနှင်းကျ​နေတဲ့ညဥ့်က ဆိုးဆိုးရွားရွား ချမ်းစီးလှသည်။ ဘုရား​ကျောင်းထဲရှိ ဘယ်သူကမှ သူ့ကိုမတုန့်ပြန်ကြ​ပေ။ ဆရာအမတ်ချီဟာ ယိုယွင်းပျက်စီး​နေတဲ့ ဘုရားရုပ်ထုတော်လို ဒူး​ထောက်​နေခဲ့သည်။ ဝါဂွမ်းသဖွယ် ဆီးနှင်းမှုန်​တွေက သူ့ကို ဖုံးလွှမ်း​နေကာ သူက​တော့ လင်းထိန်နေတဲ့ ချွိတူးညမှာ မလှုပ်မယှက် တိတ်တဆိတ်ပင် ရှိ​နေခဲ့သည်။

Qiang Jin Jiu《Myanmar Translation》Where stories live. Discover now