Chapter 15

883 125 6
                                    

Unicode

ဌက်​ရွှေဝါ

နောက်ရက်က​တော့ ရှန်ကျီချွမ်း ရာထူးလက်ခံရန်အတွက် ကိုယ်ရံ​တော်တပ်ဆီသို့ သွားရမည့်​နေ့ ဖြစ်သည်။ ထိုရက်က ရှီးကုအန်းရဲ့ညီ ရှီးဟုန်ရွှမ်း ဧည့်ခံပွဲကျင်းပ​သောရက်နှင့် တိုက်ဆိုင်လို့​နေသည်။ သူက ချွိတူးရှိ စာ​ပေပညာရှင်များနှင့် ထူးချွန်သူများအားလုံးကို ချောင်သုန်းစား​သောက်ဆိုင်မှာ ဆွေး​နွှေးပွဲပြုလုပ်ဖို့ ဖိတ်ကြားထားသည်။

ရှီးဟုန်ရွှမ်းက ခပ်ဝဝလူကြီး ဖြစ်သည်။ သူ ထိုင်လိုက်တဲ့အခါမှာ တစ်စုံတစ်​ယောက်က ဘေးက​နေကာ သူ့ကို ယပ်ခတ်​ပေးရသည်။ ဝါးယပ်​တောင်ကို ကိုင်ရင်း သူက ဆိုသည်။ ''ဒီနှစ်က​တော့ ကျုပ်ရဲ့ ကံ​ကောင်းတဲ့နှစ်ပဲ၊ ယန်ချင်းကို မဖိတ်လိုက်ရ​ပေမယ့် ယွမ်​ကျွော်ကို​တော့ ဖိတ်လိုက်နိုင်တယ်!''

ရွှယ်ရှိုး​ကျွော်က သူ့ရဲ့တာဝန်​တွေ ရှိ​သေးသည့်အတွက် ဒီ​နေ့​တော့ မလာနိုင်။ ရှီးဟုန်ရွှမ်းပြောသည့် ယွမ်​ကျွော်ဆိုသူက လက်ရှိအတွင်းဝန်အကြီးအကဲ ဟိုင်လျန်ယီရဲ့  ချစ်လှစွာ​သောတပည့် ယောင်ဝမ်းယွိပင် ဖြစ်သည်။ ဤ​ယောင်္ကျားပျိုသုံး​ယောက်သည်ကား ချွိတူး၏ မျိုးနွယ်ကြီးရှစ်ခုမှ ဖြစ်ကြပြီး ငယ်စဥ်ကတည်းက ခင်မင်ရင်းနှီးလာကြသူများဖြစ်၍ အချင်းချင်း ရင်းနှီးသည့်အသုံးအနှုန်းဖြင့် ခေါ်​ဝေါ်နိုင်ကြသည်။

[T/N : ယောင်​ဝမ်းယွိ = လောကသိအမည်
           ယောင်ယွမ်​ကျွော် = အမည်ရင်း ]
ထိုအခိုက် ပုတီးကန့်လန့်ကာ​ကို မတင်ကာ သိမ်​မွေ့ပြီး ကျောက်စိမ်းရုပ်တုသဖွယ် စင်ကြယ်သည့်  စာ​ပေပညာရှင်တစ်ဦး ဝင်​ရောက်လို့လာသည်။ ထိုသူက နက်ပြာ​ရောင် လက်ဝကျယ်လည်​ထောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း အိတ်တစ်လုံး ချိတ်ဆွဲထား​သေးသည်။ ကွန်ဖြူးရှပ်ပညာရှင်အသီးသီး ထကာ ကြိုဆိုကြသည်။ အချင်းချင်း အပြန်အလှန်နှုတ်ဆက်ကြသံက စီစီညံလျက်။

ယောင်ဝမ်းယွိ သူတို့ကို တစ်​ယောက်ချင်း နှုတ်ဆက်လိုက်ကာ ထိုင်ကြဖို့ ဖိတ်​ခေါ်လိုက်ပြီး သူပါ ထိုင်လိုက်ရင်း ''ကျုပ်တို့က နှစ်တိုင်း တွေ့​နေကြတာပဲ။ 'ရှားရှားပါးပါးရောက်လာတယ်' ဆိုတဲ့စကားနဲ့ မထိုက်တန်ပါဘူး''

Qiang Jin Jiu《Myanmar Translation》Where stories live. Discover now