Chapter 3

1.7K 264 11
                                    

[Unicode]

အမဲလိုက်ဌက်

ဖန်းရူကွေ့ သွမ်းချန်မြို့ဂိတ်တံခါးဆီကို လျှောက်လှမ်းလိုက်သည်။ ရဲမက်​တွေက ဘေးနှစ်ဖက်နှစ်ချက်ကို အတန်းလိုက်လူစုခွဲလိုက်ကြပြီး တိတ်ဆိတ်လို့​နေကြသည်။ ဖန်းရူကွေ့  ဧကရာဇ်ရဲ့နှုတ်မိန့်ကို ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ကိုယ်ရံ​တော်ရဲမက်​တွေဟာစတင်အလုပ်လုပ်ကြ​တော့သည်။

ကိုယ်ရံ​တော်ရဲမက်​တွေက ရှန်ကျီချွမ်းရဲ့ပါးစပ်ကို ပိတ်ဆို့လိုက်ကြပြီး သူ့ကို ဂွမ်းကပ်ဝတ်ရုံထူ​တွေနဲ့ ရစ်ပတ်ကာ မြေပြင်​ပေါ်​ မျက်နှာအပ်လျက် လဲ​လျောင်း​စေလိုက်သည်။

ဖန်းရူကွေ့  ရှေ့ကိုကိုင်းညွှတ်ကာ ရှန်ကျီချွမ်းကို​ သေချာကြည့်လိုက်သည်။ သူ့လက်​​ချောင်း​တွေကိုမြှောက်ကာ နှုတ်ခမ်းရှေ့ကာလိုက်ရင်း အနည်းငယ်​ချောင်းဆိုးလိုက်ပြီးမှ  နူးညံ့တဲ့အသံနဲ့ ''မင်းက အသက်ငယ်ငယ်​လေးနဲ့ကို အရှင်မင်းကြီးရှေ့မှာ သမိုင်းတွင်​လောက်တဲ့လုပ်ရပ် လုပ်ရဲ​လောက်တဲ့အထိ သတ္တိရှိသားဘဲ။ မင်းသာ ရှန်​ဝေ့သစ္စာ​ဖောက်ခဲ့တဲ့အပြစ်ကို အမှန်အတိုင်းဝန်ခံမယ်ဆိုရင် အသက်ရှင်ဖို့မျှော်လင့်ချက် ရှိ​လောက်​သေးတယ်''

ရှန်ကျီချွမ်း မျက်လုံးကိုသာ တင်းတင်းပိတ်ထားမိ​တော့သည်။ ချွေး​စေး​တွေက သူ့အဝတ်ကိုရွှဲနစ်​နေ​စေသည်။

ဖန်းရူကွေ့  မတ်တပ်ထရပ်လိုက်ကာ​ပြောသည်။ ''စပြီးရိုက်ကြ​တော့''

ဘေးနှစ်ဖက်စလုံးမှာရှိတဲ့ရဲမက်​တွေဟာ ''တုတ်ကိုချလိုက်ကြစို့'' လို့ သံပြိုင်ဟစ်​ကြွေးလိုက်ကြသည်။ ထို့​နောက်မှာ​တော့ ''ရိုက်!"ဆိုတဲ့အသံဟာ မိုးထစ်ချုန်းသံနှယ်။

သူတို့နှုတ်က စကားအပြည့်အစုံထွက်မလာခင်မှာပင် သံပြားပတ်ထားပြီး ဆူးချွန်​တွေပါသည့်တုတ်​တွေဟာ ရှန်ကျီချွမ်းကိုယ်​ပေါ် ကို အရှိန်အဟုန်နဲ့ကျ​ရောက်လာ​တော့သည်။

ရိုက်ချက်သုံးချက်အပြီးမှာ သူ တခြားအသံတစ်သံ ကြားလိုက်ရသည်။ ''သူ့ကိုပြင်းပြင်းရိုက်ကြစမ်း!''

Qiang Jin Jiu《Myanmar Translation》Where stories live. Discover now