"မင်းအခုပြောနေတာ ဦးနေမင်းဧကရာဇ်ရဲ့ရည်းစားရှေ့မှာနော်...ဟင်းဟင်း..."

"အဟက်....ဘာလဲ?...
သဝန်တိုနေတာလား...
သဝန်တိုရင်လည်းကွာ မင်းအပိုင်မှန်းသိအောင် လုပ်ပြလိုက်ပေါ့..."

"သဝန်တိုစရာလား ဝေးသေး...ဟွန့်..."

"မတိုဘူးသာပြောနေတယ်...
ရုပ်ကြီးကလည်း စူပုတ်နေတာပဲ..."

သဝန်တိုနေမှန်း သိရက်သားနဲ့..တမင် ဒေါသမထွက်ထွက်အောင် လာစနေတဲ့ ဝေလင်းကို လက်ခလယ်သာထောင်ပြလိုက်တယ်..။ ဆရာမဝင်လာတာမို့..ပြောနေတဲ့စကားပြတ်သွားတော့တယ်..။ စာသင်နေရင်း တွေးနေမိတာကလည်း..ဦးမှာ အပိုင်ရှိတယ်ဆိုတာ အကုန်သိသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ..။

..................................

ဒီနေ့ကတော့..ကျွန်တော်တို့ ဦးအိမ်မှာdateဖြစ်ကြတယ်..။ အကြောင်းကတော့..အန်တီသူဇာကလည်း ကျွန်တော့်ကိုတွေ့ချင်တယ်ဆိုပြီး..အိမ်ကိုခေါ်ခြင်းဖြစ်သည်..။ မေမေ့ကိုလည်း..အန်တီသူဇာက ကျွန်တော့်ကိုအိမ်ကိုလွှတ်လိုက်ပါဆိုပြီး ဖုန်းဆက်ပြီးလှမ်းပြောလိုက်လို့သာ..မေမေက မေးမြန်းခြင်းမရှိဘဲ လွှတ်ပေးလိုက်ခြင်းဖြစ်သည်..။

အစကတော့..ဦးဆိုင်မှာ dateမယ်ဆိုပြီးတွေးထားတာ..အန်တီသူဇာကခေါ်တော့လည်း ကျွန်တော်တို့လည်း အိမ်မှာပဲ dateဖြစ်ကြသည်ပေါ့..။

"သားငယ်လေး...ထည့်စားနော်...
အားမနာနဲ့..."

"ဟုတ်ကဲ့...အန်တီ...
အယ်...အမေ..."

"အဟက်....သားငယ်လေးက ချစ်ဖို့ကောင်းလိုက်တာ..." ဆိုပြီး ဒေါ်သူဇာက သူရဖုန်းမြင့်ရဲ့ပါးကိုဖဲ့လာတယ်..

"ဟီးဟီး..."

ထမင်းကိုပလုတ်ပလောင်းစာနေရင်း..ပြုံးပြနေတဲ့ သူရဖုန်းမြင့်ကို..ဒေါ်သူဇာတို့မှမဟုတ်ဘူး မြင်ရသူတိုင်းကချစ်ဖို့ကောင်းသည်ဟု တွေးကြပေလိမ့်မည်..။

ထမင်းစားပြီးတော့..အန်တီသူဇာကျွေးတဲ့ စပျစ်သီးတွေနဲ့ပန်းသီးတွေကိုစားရင်း စကားခဏပြောလိုက်ဖြစ်ကြတယ်..။ ထို့နောက်..ဦးကပဲ စကားဖြတ်လိုက်ပြီး ဦးရဲ့အခန်းထဲကိုသွားလိုက်ကြတယ်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now