Episode-9

8.7K 832 38
                                    

Zawgyi Version

ဂျောင်ကုထွက်သွားပြီးကတည်းက မျက်ရည်များကျ၍
ကြောင်တောင်တောင်ထိုင်နေခဲ့ရာမှ အသိစိတ်ပြန်ဝင်လာ
ခဲ့သည်။

"မဖြစ်ဘူး။ ဒီလိုအထင်လွဲမခံနိုင်ဘူး။
ရှင်းပြရမှရမယ်။"

ချက်ချင်းပဲမျက်ရည်များကိုသုတ်ကာ ကုတင်ပေါ်မှ ကုန်းထ
၍ အဝတ်များကိုကောက်ဝတ်လိုက်သည်။
ခန္ဓာကိုယ်အောက်ပိုင်းနာကျင်မှုကိုလည်းမမှုအား၊
အပြေးတပိုင်း ဂျောင်ကုနောက်သို့ လိုက်ရတော့သည်။

ဟိုတယ်ရှေ့သို့ရောက်တော့ Taxi ကားတံခါးကိုဆွဲဖွင့်
ရင်းတက်ရန်ပြင်နေပါသော ဂျောင်ကု။

အမြန်ပြေးသွားရင်း ဖွင့်နေသောကားတံခါးကိုလက်ဖြင့်
ပိတ်ကာ ရှင်းပြဖို့စကားရှာတော့

"မင်းဘာဖြစ်နေတာလဲ!! ကင်ထယ်ယောင်း!!!"

"ငါရှင်းပြတာမင်းမှနားမထောင်တာ! မင်းထင်ချင်သလိုထင်၊ မြင်ချင်သလိုမြင်လို့မှမရတာ၊ ငါပြောတာကိုလဲ တစ်
ချက်လောက်နားထောင်ပေးပါအုံး!!"

"ငါကဘာကိုနားထောင်ရအုံးမှာလဲ!!!! မင်းလုပ်တယ်ဆိုတာသိသာနေတာပဲကို!!"

"ငါလုပ်တာမဟုတ်ဘူး!! မယုံရင် ဟိုတယ်ကောင်တာဆီ
သွားမေးလို့ရတယ်!!"

"ငါမင်းရဲ့ အလိမ်အညာတွေတစ်ခုမှနားမထောင်ချင်ဘူး!!
မင်းမျက်နှာကိုမမြင်ချင်ပါဘူးလို့ပြောထားတာကို မင်းနားကန်းနေလား!!! ငါ့နောက်ထပ်မလိုက်နဲ့!!!"

ဒေါသတကြီးအော်ပြီး ကားတံခါးကိုဆွဲဖွင့်နေပါသော
ဂျောင်ကု။
မဖြစ်မနေ ရှင်းပြရမည့်အခြေအနေမို့ ကားနဲ့သူ့ကြား
ဝင်လိုက်ပြီး တားမိတော့သည်။
အချေအတင်ဖြစ်နေပါသော နှစ်ယောက်ကို Taxi
Driver ဦးလေးကြီးက ကြည့်၍ ဘာလုပ်ရမှန်းမသိ။

"ဖယ်လိုက်!! ကင်ထယ်ယောင်း!!"

"မဖယ်ဘူး! ငါရှင်းပြတာကိုအရင်နားထောင်သွား!!"

"ငါမင်းကိုဖယ်လို့ပြောနေတယ်နော်!!!!"

"မင်းကိုရှင်းပြလို့မရမချင်း မဖယ်ဘူး!!!"

"တောက်!!! ဒီလောက်တောင်ပြောမရဆိုမရဖြစ်နေတာ!!
ဖယ်စမ်းကွာ!!!!!"

If You Can See (Completed)Where stories live. Discover now