Zawgyi Version
ထယ်ယောင်းအိမ်ထဲဝင်သွားသည့်တိုင် ဂျောင်ကုကတော့
ထိုနေရာကနေ မရွေ့ သေး။
ထယ်ယောင်းပြောသွားသော စကားများသာ နားထဲပဲ့တင်
ထပ်နေခဲ့သည်။လွှတ်ချနိုင်အောင်ကြိုးစားတော့မယ်တဲ့။
ဒီစကားရဲ့ အဓိပ္ပာယ်က ကိုယ့်ကို မချစ်တော့အောင်ကြိုးစားတော့မယ်ဆိုတဲ့သဘော။ဒီစကားကိုကြားပြီး ပျော်ရမှာမဟုတ်ဘူးလား။
ဒီလိုဖြစ်အောင် ကိုယ်ကိုယ်တိုင် သူရှေ့ မှာတခြားတစ်
ယောက်နဲ့တွဲပြခဲ့တာလေ။
ဒါပေမယ့် အခုကျမှ ဘာလို့ မပျော်နိုင်ဖြစ်နေရတာလဲ။
ရင်ဘတ်ထဲမှာ မွန်းကျပ်ကျပ်နဲ့ ခံစားရခက်နေရတာလဲ။စိတ်ထဲအလိုမကျမှုပေါင်းများစွာဖြင့် ကားဖုံးပေါ်သို့ လက်သီးတစ်ချက်ကျရောက်သွားခဲ့လေသည်။
**************
Company သွားရန် ဂျောင်ကုတစ်ယောက်ပြင်ဆင်ပြီး
အခန်းထဲမှထွက်လာခဲ့သည်။
မနက်စာစားရန်စားပွဲမှာထိုင်တော့...."Appa , Omma ထယ်ဝပြီ၊ ဆိုင်သွားတော့မယ်နော်။"
"သွားတော့မလို့လား၊ သားရဲ့ ၊ဘယ်လောက်မှတောင်
စားမသွားဘူး။""သိပ်မဆာလို့ပါ၊ သားသွားပြီနော်။"
"အေး အေး။"
ဒီလိုအဖြစ်အပျက်မျိုးက အဆန်းတော့မဟုတ်တော့ပေ။
ထယ်ယောင်းနဲ့ အချေအတင်ဖြစ်ပြီးတဲ့နေ့ကတည်းက
ထယ်ယောင်းသည် ဂျောင်ကုကို ရှောင်သာနေသည်။
မနက်စာစားရန်ဂျောင်ကုစားပွဲဆီရောက်သည်နှင့်
ထယ်ယောင်းသည် အကြောင်းတစ်မျိုးမဟုတ်တစ်မျိုးပြ
ကာ ထွက်သွားတတ်သည်။
တစ်ချို့နေ့တွေဆို တစ်နေ့လုံးတောင် မျက်နှာလေးကို
မမြင်ရ။ငယ်ငယ်တုန်းက ကိုယ်ကသာသူ့မျက်နှာကိုမမြင်ချင်လို့
ရှောင်ခဲ့ပေမယ့် အခုတော့ သူကိုယ့်ကိုရှောင်နေသည်ကို
စိတ်ထဲကအလိုမကျ ၊ တစ်နေ့ နေလို့ သူ့မျက်နှာလေးတစ်ခါတောင်မတွေ့ ရသည်ကိုလည်း စိတ်ထဲ မကျေနပ်
လှပေ။ဟိုရောက်ဒီရောက် ရောက်နေသော အတွေးများကို
ပြန်စုစည်းပြီးနောက် မျက်စိရှေ့ တွင်ရှိသော မနက်စာကို
လည်းစားချင်စိတ်မရှိသဖြင့် စားပွဲဝိုင်းမှထထွက်လာခဲ့သည်။
ΔΙΑΒΑΖΕΙΣ
If You Can See (Completed)
ΡομαντικήTaekook yaoi Written in both Unicode and Zawgyi Versions