"Hello!..ကလေး..ကလေးတို့အိမ်နားရောက်နေပြီ.."

"ဟုတ်လား...မြန်လိုက်တာ..."

"ဦး အပြင်ကပဲစောင့်နေရမလား...
အထဲကိုဝင်လာခဲ့ရမလား..."

"နေနေ...ကားပေါ်မှာစောင့်နေ...
သား အခုလာပြီ...
အိမ်ထဲမခေါ်ချင်လို့မဟုတ်ဘူး...မေမေက လျှောက်မေးနေမှာစိုးလို့..."

"အင်းအင်း...ဦးစောင့်နေတယ်..."

"ဟုတ်...သားအခုလာပြီနော်..." ဆိုပြီး ကလေးကဖုန်းချသွားတာမို့ ကျွန်တော်လည်းကားပေါ်ကနေပဲထိုင်စောင့်နေလိုက်တယ်..။

ကားမှန်ကနေ ကလေးရဲ့အလာကိုကြည့်နေရင်း...ထွက်လာပါပြ်ီ ကျွန်တော့်ရဲ့ကလေးလေး အနွေးထည်အကြီးကြီးကိုဝတ်ထားကာ ဘောင်းဘီတိုနဲ့ထွက်လာတယ်..။ ဘောင်းဘီကအတိုနဲ့ထပ်ဖျားဦးမယ်...ဟွန်း...

ကားတံခါးကိုဖွင့်ပြ်ီး ကားပေါ်ကိုတက်လာတာနဲ့..

"ဘာလို့ဘောင်းဘီတို ဝတ်ထားတာလဲ?..
နေမကောင်းထပ်ဖြစ်ဦးမယ်..."

"ပူလွန်းလို့ပါ...အနွေးထည်တောင် မေမေအတင်းဝတ်ခိုင်းထားလို့..."

"ဟင်း...ဟုတ်ပါပြီ...
ဒီဘက်နားကိုတိုးဦး..ကိုယ်ပူသေးလား စမ်းကြည့်မလို့.."

"မပူတော့ပါဘူးဆို...
မယုံရင်လည်း စမ်းကြည့်..." ဆိုပြီး ခေါင်းလေးကို အရှေ့ကိုတိုးပေးလာတယ်..။

နဖူးလေးကို လက်နဲ့စမ်းလိုက်တော့..ပူတော့မပူဘူး...

"အင်း...အေးသွားပြီ...
သင်္ဘောသီးထောင်းနဲ့က တည့်ရောတည့်လို့လား...
တော်ကြာမေမေဆူနေဦးမယ်..."

"တည့်ပါတယ်ဆို...
သင်္ဘောသီးထောင်းစပ်စပ်လေးကိုစားလိုက်ရင် ချွေးထွက်ပြီးတော့ အဖျားတောင်အရှင်းပျောက်သွားမှာ..."

"ဟုတ်ပါပြီ...စားချင်နေတာဆိုတော့လည်း ဦးမတားတော့ပါဘူး..." လို့ ပြောလိုက်ပြီး သင်္ဘောသီးထောင်းနဲ့ကွေ့တီယိုထည့်တာတဲ့ ဘူးလေးကိုပေးလိုက်တယ်..။

"အဲ့တာကြောင့်...ဦးကိုချစ်နေရတာ...
လာပါဦး...ဦးရဲ့သည်းငယ်လေး အာဘွားပေးချင်လို့..." ဆိုပြီး ကျွန်တော့်ရဲ့လေးသံအတိုင်းလိုက်ပြောကာ..လက်ကိုဆန့်ပေးပြီး ပြောနေတယ်..။ ကျွန်တော်လည်း အလိုက်သင့်လေး အရှေ့တိုးပေးလိုက်တော့..သူ့လက်နဲ့ကျွန်တော့်လည်ပင်းကနေ ကိုင်လိုက်ပြီး...

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now