Part 20 (ကိုယ့်လမ်းကိုယ်လျှောက်ချိန်)

811 117 6
                                    

" ရှေ့ဘက် တစ်မိုင်လောက်ရောက်ရင် မင်းတို့ရဲ့အရင်ကလိုမျိုးစခန်းပုံစံကိုတွေ့ရလိမ့်မယ်။ သူတို့ကတော့ မင်းလာမယ်ဆိုတာပြောမထားဘူး။

ငါပြောပြမယ်။ အခုချိန်ကစပြီး မင်းတို့ရဲ့ဖြစ်တည်မှုက လူသေတွေလိုပဲဖြစ်သွားပြီမလို့ အနေအထိုက်ဆင်ခြင်ကြပါ။ ဧကရာဇ်ကိုဘာအခက်အခဲမှထပ်မဖြစ်စေချင်ဘူး။"

ဖုန်းရှင့်က ရှေ့သို့သာကြည့်ရင် တရစပ်ပြောနေသည်။ ဘေးရှိ ချီရုန်သည်ပင် အသံတိတ်နေမိ၏။ ဘာရယ်ကြောင့်မှန်းမသိသော်လည်း အရာအားလုံးက တိတ်ဆိတ်ကာဝမ်းနည်းဖွယ်အတိဖြစ်နေသည်။ သူ၏နှလုံးသားသည်ပင် ထိုနန်းတော်နှင့် ဝေးလေလေ၊ ပို၍အထီးကျန်အဖော်မဲ့လာသလိူခံစားရလေလေဖြစ်နေသည်။ သို့သော်လည်း ထိုသို့သော ခံစားချက်ကိုသူနားလည်မည်မဟုတ်ချေ။

ချီရုန်က ပိုင်ဝူရှန့်ထံမှလက်ခံရရှိထားသောစာလွှာအိတ်ကိုသူ၏ လက်ထဲတွင်ကိုင်ထားဆဲသာဖြစ်သည်။ ဘေးရှိ ဖုန်းရှင့်ကိုကြည့်ရင်း

" ဒါဆို ငါဒီလမ်းအတိုင်းဆက်လျော​က်သွားလိုက်ရင်ရပြီပေါ့။"

"ဟူတ်တယ်။"

" ဒါဆို ငါသွားတော့မယ်။ မင်းတို့ကိုနှုတ်ဆက်ပါတယ်။"

"အင်း..."

ချီရုန်က သူတစ်ယောက်တည်းပင် မြင်းပေါ်မှဆင်းလိုက်ပြီးနောက် ဆက်လျောက်လာခဲ့လိုက်သည်။ သူ၏နောက်ဘက်တွင် ဖုန်းရှင့်ကသူ့အားမြင်ကွင်းမှ မပျောက်ကွယ်မချင်းကြည့်နေသည်ကိုတော့ သူခံစားမိသည်။

............................................

" အကိုကြီး....အကိုကြီး...အကိုကြီးကိုနောက်ဆုံးတော့တွေ့ရပြီ။"

ချီရုန် ထိုစခန်းကိုရောက်ရောက်ချင်းပင် နန်ဖုန်း၊ ဖူယောင်နှင့်အခြားညီအကိုများက စခန်းမှထွက်လာပြီး ဝိုင်းကာပွေ့ဖက်ခြင်းခံရသည်။ အားလုံးကလည်း အပျော်ကြီးပျော်တေပုံရပြီး ဝမ်းသားလွန်းသဖြင့် မျက်ရည်များပင်ကျကာ အာပြဲကြီးဖြင့်အော်ငိုနေသူများပင်ရှိသေးသည်။

ချီရုန်က စခန်းကိုတချက်ကြည့်လိုက်သည်။ စခန်း၏အပြင်အဆင်သည် ယခင်ကပုံစံအတိုင်း ပြောင်းလဲထားခြင်းမရှိချေ။ ပြောင်းလဲသည်ဟူသည်က အနည်းငယ်သစ်လွင်နေခြင်းသာ။

Me and My Suspicious Partner(fanfic For WuQi)[Completed ]Where stories live. Discover now