Part 2 ( ကံဆိုးသူသှားရာ မိုးလိုကျလို့ရှာ)

3.3K 387 80
                                    

""ညီနောင်တို့ ရေချိုးဖို့ အချိန်ရောက်ပြီ..."

"ရေး........"

ချီရုန်က သြဘာပေးသောအသံဖြင့်
သူ၏ အက်ႌ ကိုခြၽတ္ကာ
လက်ကိုမြှောက်၍ လေပေါ်တွင်ဝှေ့လိုက်ရင်း
ဆိုလေသည်။

ကျန်သူများကလည်း ထအော်ကာ
အလွန်ပျော်ရွှင်နေပုံရသည်။

ဤနေရာသို့ရောက်သည့်အချိန်မှာ
ရက်အနည်းငယ်သာရှိသေးသော ကျွင်းဝူမှာ
မည်သို့မျှ လိုက်မမှီနိုင်လောက်အောင်ပင်
သူတို့၏ အပြုအမူကဆန်းကြယ်လွန်းနေသည်။

ဓားပြစခန်းဟုသာဆိုမည်။
ကျွင်းဝူစရောက်သည့်ရက်မှ စ၍ယခုအချိန်ထိ
ဓားပြတိုက်သည်ဟူသော
ကိစ္စ သည် ဖြစ်မလာသေးပေ။

အရာအားလုံးက ပုံမှန်အတိုင်းပင်။
ဘာဆို ဘာမျှမထူးဆန်း။
ချီရူန်ကမူ အပြင်မှပြန်လာတိုင်း အမြဲလိုလို ထိုင်ခုံတန်းလျားတွင်ထိုင်ကာ အရှေ့ဘက်ကို မျက်နှာမူရင်း တယောက်မဟုတ် တယောက်ကို ထိုင်ဆဲနေလေ့ရှိသည်။

တောအုပ်အနီးအနားရှိ ရွာသို့
ချီရုန်နှင့် သူ့လူတသိုက် အတူသွားလေ့ရှိပုံရသည်။
ထိုမှ ပြန်လာတိုင်း ထိုင်ဆဲ ခြင်းပင်။
ကြားမိသလောက်တော့ ဟင်းရွက်သည်ပင်
ချန်ပုံမပေါ် အကုန်ဆဲဆိုနေသည်။

သူ၏ တပည့်များက ဤအရာကို
ထူးဆန်းသည်လို့ပင်မထင်ကြချေ။
နန်ဖုန်း နှင့် ဖူယောင်ဆိုလျင်
ဘေးကနေပင် အားပေးနေသေးသည်။

ရှဲ့လျန်ဆိုသောသူကမူ
အမြဲလိုလို အိတ်တစ် လုံးဖြင့် အလုပ်ရှုပ်နေလေ့ရှိသည်။ ထိုအိတ်ကြီးကို သယ်ကာ
မိုးလင်းလျှင်သွားသည်။
မိုးချုပ်လျှင်ပြန်လာသည်။

သူ၏ အလူပ်က အလွန်ပင်
ရိုးရှင်းလွန်းလှသည်။
ရှဲ့လျန် က ချီရူန်တို့ဓားပြတိုက်ရာမှရသော
ပိုက်ဆံတို့ဖြင့် စားသောက်ခြင်းမပြုပဲ
မိမိဘာသာ အမှိုက်ကောက်၍ရသော ပိုက်ဆံဖြင့်
စားသောက်ပုံပေါ်သည်။

လုပ်လက်စ အလုပ်များကို
လက်စသတ်လိုက်ရင်း အားလုံးက
ထလိုက်ကြသည်။

ကျွင်းဝူက ဘုမသိဘာမသိဖြင့်ပင်
နန်ဖူန်းနောက်မှ လိုက်ပြီး
နန်ဖုန်းအား တိုးတိုးလေး မေးလိုက်သည်။

Me and My Suspicious Partner(fanfic For WuQi)[Completed ]Where stories live. Discover now