မိုးသည်းသောကြောင့် ယမ်းတို့မှာရေနှင့်
မျောကုန်ပြီး လောင်ချာလုံးတို့မှာ
ရေစိုကုန်ကြသည်။ချီရုန်က သူ၏ ဝါးကျည်တောင်လေးအား
ကိုင်ထားရင်း ပါးစပ်မစိနိုင်တော့ချေ။"မ.....ဖြစ်.....ဘူး...."
တဖက်က မီးစါထည့်ထါးသေါဝါးကျည်တောက်ကို
ကိုင်ပြီး တဖက်က အကုန်မြောကုန်သော
သူ၏ ယမ်းများကို လက်လှမ်းနေသည်။နှစ်ဦးသားလည်း မိုးရေထဲ
စိုရွဲကုန်လေ၏။ကျွင်းဝူကဆိုသည်။
"ကျွန်တော်တို့မြန်မြန်ပြန်ရအောင်...
ရိပ်မိသွားလိမ့်မယ်..."ကျွင်းဝူက ချီရုန်၏ အင်္ကျီ လက်အစကို
ဆွဲရန်ပြင်လိုက်သည်။"ခွီး........ဟားဟား ဟားဟား ဟားဟား... "
သူတို့၏အနောက်မှ ပေါ်ထွက်လာသော
ရီသံက မိုးသံကိုပင်ကျော်လွန်စေသည်။"ချီရုန်...မင်းတော်တော်ကို တုံးတာပဲ....
မင်းလုပ်နေတာကိုလေ...ငါ ဟိုနေရာကနေ
ထိုင်ကြည့်နေတာ အူတတ်လို့သေတော့မယ်...ဒါနဲ့ ရာသီဥတုကလည်း
မင်းဘက်မပါဘူးနော်......ခွီး...."ဟွားချန်၏ လှောင်ပြောင်သရော်မှုကဆိုးလှသည်။
ကျဆင်းနေသော မိုးရေများကြားထဲတွင်
ချီရုန်က ဟွားချန်အား စိုက်ကြည့်နေသည်။ဟွားချန်၏ လူများက တမဟုတ်ချင်း
ချီရုန်တို့နှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။
ထွက်ပေါက်လုံးဝမပေးတော့ချေ။ချီရုန်က ကျွင်းဝူအား အင်္ကျီ လက်စမှဆွဲ၍
သူ၏အနောက်ဘက်သို့ပို့လိုက်သည်။
ကျွင်းဝူက ချီရုန်၏ သူ့အင်္ကျီလက်စအား
ဆွဲထားသော လက်ကို ခဏငုံ့ကြည့်လိုက်ပြီးမှ
ချီရုန်အား.ပြန်ကြည့်လိုက်သည်။"ဟမ့်..မင်းကို သတ်ဖို့လာတာပဲ
ငါပြန်အသတ်ခံရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ.."ချီရုန်က ခေါင်းငုံ့နေရာမှ
ရုတ်တရက်ပြန်မော့လာလိုက်ပြီး
သူ၏ လက်ညိုးကို မျက်လုံးအောက်နှုတ်ခမ်းနားတွင်
ထားကာ လျှာထုတ်ပြလိုက်သည်။
YOU ARE READING
Me and My Suspicious Partner(fanfic For WuQi)[Completed ]
FanfictionStory Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်တင်ခဲ့ကြသည်။ ထိုမှတဆင့်် ကျွင်းဝူဟူသော အမည်ဖြင့် ဓားပြခေါင်းဆောင် ချီရုန်နှင့်အတူ ထောင်ထဲဝင်လိုက် ထွ...