"မလိုက်ရပါဘူး။"
ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် နှစ်ဦးသား ထိုအသံလာရာသိူ့လှမ်းကြည့်မိသည်။ သေချာသည်ကတော့ လူနှစ်ယောက်က သူတိူ့အားရပ်ကြည့်နေလေ၏။ တယောက်ကအတော်လေးကို ဝပုံပေါ်သည်။ သူ၏ကိုယ်ခန္တာက အတော်လေးကိုဖောင်းကားနေလေ၏။ နောက်တစ်ယောက်ကမူ ပိန်ပိန်သွယ်သွယ် အရပ်ခပ်ရှည်ရှည်နှင့်ပင် ထို လူဝကြီး၏နောက်မှ လက်ပိုက်ကာ မတ်တပ်ရပ်နေသည်။
ချီရုန်က ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
"အော့...ဝမ်းကွဲအကို။ မင်းနောက်ဆုံးတော့ပြန်လာပြီပေါ့။ "
ရှဲ့လျန်က သူ၏အမှိုက်အိတ်ကြီးကို ထမ်းလျက်ပင် သူတို့ရှိရာသို့ ဒုန်းဆိုင်းရောက်လာသည်။ နောက်တွင် ဟွားချန်ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာလေ၏။ ရှဲ့လျန်က ချီရုန်တို့ နှစ်ဦးရှေ့နားသို့ရောက်လေတော့ သူ၏ အမှိုက်အိတ်အား ဘေးတွင်အသာချကာ နှစ်ချက်ခန့်ပုတ်လိုက်သည်။
"ရတယ် ကိုကို။ ကျွန်တော်ကြည့်ထားလိုက်မယ်။"
ဟွားချန်က ထိုအမှိုက်အိတ်ဘေးတွင် ရပ်လိုက်ရင်းဆိုသည်။ ထိုအခါရှဲ့လျန်က ဟွားချန်အားပြုံးပြကာ
"အဟမ်း...အွန်း ကောင်းပြီ စန်းလန်။ ကျေးဇူးနော်။"
ချီရုန်နှင့် ကျွင်းဝူကသူတိူ့နှစ်ဦးအားကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေကြသည်။ ဒီအမှိုက်ထုပ်အား အဘယ်ကြောင့် ဤမျှလောက်ဥစ္စာခြောက်နေမှန်း ချီရုန်တစ်ယောက် တွေးကြည့်လို့ပင်မရနိုင်ချေ။ တစ်နေ့တော့ ကျွင်းဝူကိုမေးဖြစ်အောင်မေးကြည့်ပြီး သူပဲ ဉာဏ်မမှီတာလား။ သူ့တစ်ဝမ်းကွဲအကိုကပဲ ကျပ်မပြည့်တာလား ဆိုသည်ကိုစစ်ဆေးရလိမ့်မည်။
သူ၏တပည့်များကလည်း သူနှင့်ဉာဏ်ရည်တူများဖြစ်တာကြောင့်တစ်ယောက်မှအဖြေသိကြမှာမဟုတ်။ ဟွားချန်က အစဦးကတည်းကပင် ကြောင်တောင်တောင်ဖြစ်နေသည့်အပြင် ယခုသူ့အကိုတစ်ဝမ်းကွဲကိုပါ သဘောကျနေသည့်အတွက် ဟွားချန်သည်လည်း ကောင်းကိုကောင်းလာလိမ့်တော့မည်မဟုတ်ချေ။ ဤသို့ဆိုလျှင် ယခုအချိန်တွင် အားလုံးထဲ၌ အတော်ဆုံးသည် မိမိရှေ့ရှိ ကျွင်းဝူသာရှိလိမ့်မည်။
YOU ARE READING
Me and My Suspicious Partner(fanfic For WuQi)[Completed ]
FanfictionStory Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်တင်ခဲ့ကြသည်။ ထိုမှတဆင့်် ကျွင်းဝူဟူသော အမည်ဖြင့် ဓားပြခေါင်းဆောင် ချီရုန်နှင့်အတူ ထောင်ထဲဝင်လိုက် ထွ...