" မဖယ်ပေးဘူး! "



လူငယ်လေးမှ သူ၏ ဆောင့်တက်လာသော ဒေါသအား အတင်း ချိုးနှိမ်ထားပုံရပြီး ..

" ကျွန်တော်တို့ ဒီလမ်းကနေ ဖြတ်သွားချင်လို့ပါဗျာ .. အပေးအယူတစ်ခုခုလုပ်မယ်လေ ဘယ်လိုလဲဗျ "






ထိုအခါ လူအိုကြီးသည် သူ၏လက်ညှိုးတစ်ချောင်းအား မြှောက်လိုက်ကာ အလွန် အထက်ဆီးဆန်စွာဖြင့် ကြေညာလေ၏ ။

" ဖြတ်သန်းခ တစ်ယောက်ကိုတစ်မှတ်!

မပေးရင်  . . . .   မဖြတ်နဲ့ "

ထိုအဖိုးကြီးထံ၌ ' ဒီလမ်းကို ငါဖောက်ထားတာ ' ဟူသော အရှိန်အဝါမျိုး အပြည့် ရှိလေသည် ။








ထိုစကားအားကြားသော် လူအပေါင်း ဒေါသထွက်သွားရ၏၊ ၎င်းတို့မှာ ဤလမ်းမှ အခေါက်ပေါင်းများစွာ ဖြတ်သန်းသွားလာခဲ့ဖူးသော်ငြား တစ်သက်နှင့်တစ်ကိုယ် ဤသို့ မကြုံခဲ့ဖူး၊ ဤအခြင်းအရာသည် ၎င်းတို့အားလုံး မည်သူမျှ တွန်းလှန်နိုင်စွမ်း မရှိခဲ့သော ပေါ်တင် ဓားပြတိုက်မှုမျိုးပင် ဖြစ်လေတော့သည် ။

လူငယ်၏ အမူအရာသည် အေးစက်သွားကာ ၎င်းအဖိုးကြီးအား ခြိမ်းခြောက်ရန် ပြင်လိုက်သည် ။

" ဟေး လူအိုကြီး .. ကျွန်တော် သည်းခံနေတယ်ဆိုတာ ခင်ဗျားကို အကြီးတစ်ယောက်အနေနဲ့ လေးစားသမှုရှိလို့နော်!  ဒါပေမယ့် ဘောင်တော့ ကျော်မလာနဲ့ .. အခုအချိန်ထိ ကျနော် ကျောင်းတော်မှာနေလာတာ ကြာပြီ..  ဒီလမ်းကို ဖြတ်သန်းခ ဘာညာဆိုပီး ထုတ်ပြန်ထားတာလဲ တစ်ခါမှ မကြားဖူးဘူး .. အဲ့ဒါကြောင့် ဘာလိုလို ညာလိုလိုနဲ့ အကုန်လုံးကို ပြဿနာလာရှာ မနေနဲ့ ... သတိပေးလိုက်တယ်နော် .. မဟုတ်ရင် ကျွန်တော်တို့ ဆရာမကို ပြန်တိုင်လိုက်လို့ ဒီကျောင်းထဲကနေ ကန်ထုန်ခံနေရမယ် ..  ဟွန်း  ဘာမှတ်! "

" အဲ့ဒါဆိုလဲ ဒီနေ့ကနေစပြီး စည်းကမ်းအသစ် ထုတ်ကြတာပေါ့ .. ဒါနဲ့လေ စကားမစပ် မင်းတို့ ဒီကိစ္စကို တက္ကသိုလ် ဗဟိုဌာနမှူးအထိ တက်တိုင်ရင်တောင် ဘာမှ အကြောင်းထူးမှာ မဟုတ်ဘူး "

ခြိမ်းခြောက်စကားများသည် လူအိုကြီးအား ကြောက်လန့်သွားစေပုံ မရသည့်အပြင် ၎င်းမှာ နဂိုနေမြဲအတိုင်းပင် တည်ငြိမ်အေးဆေးလျက် ရှိပေ၏ ။



The Legendary Master's Wife (Myanmar Translation)Where stories live. Discover now