"အဲ့တာဆို ကိုရင်သွားနှင့်ပြီနော်.." ဆိုပြီး ကျောင်းနေကိုရင်လေးက ထွက်သွားတယ်..။

ဦးဇင်းနေမင်းလည်း သင်္ကန်းပြင်ဝတ်လိုက်ပြီး..ကိုရင်လေးနောက်ကနေလိုက်ပြီး ကျောင်းမကြီးပေါ်သို့ တက်လာခဲ့လိုက်တယ်..။

..............................

တစ်ဖက်မှာတော့...

"ငယ်လေးရယ်...ဘယ်လိုတောင်ဆော့လာတာလဲ?..နှုတ်ခမ်းတောင်ပြာနေပြီ...
လာ...မြန်မြန်...စိုရွှဲနေတာပဲ..."

အိမ်ထဲကိုတကိုယ်လုံးတုန်ရီပြီးဝင်လာတဲ့ ငယ်လေးကြောင့်..မကြီးမှာ သဘက်တစ်ထည်ကိုယူပြီး သုတ်ပေးနေရတယ်..။ ရေဆော့လာသည်မှာလည်း နှုတ်ခမ်းတောင်ပြာသည်အထိပင်..။

"မကြီးကလည်း...သားက ဒီနေ့မှဆော့တဲ့ဟာကို..."

"ရေမြန်မြန်ချိုးပြီး..နွေးနွေးထွေးထွေးဝတ်ထား..."

"ဟုတ်...သားသွားတော့မယ်နော်..." လို့ ပြန်ပြောလိုက်ပြီး အပေါ်ကို အမြန်တက်လာခဲ့လိုက်တယ်..။

ဦးဆီကို ပြန်ရောက်တဲ့အကြောင်း မက်ဆေ့ခ်ျပို့လိုက်ပြီး..ရေချိုးပြီး ထမင်းဆင်းစားကာ..မနက်ဖြန် လျှောက်လည်ဖို့အတွက် အားမွေးတဲ့အနေနဲ့ စောစောအိပ်လိုက်တယ်..။

..............................................

နောက်တစ်နေ့မနက်...

"သူရရေ့...သူရ...သူရဖုန်းမြင့်ရေ့...
ငါတို့ရောက်ပြီ...ဆင်းလာတော့..." ဆိုပြီး အောက်က ဝေလင်းရဲ့အော်သံကြားတာမို့..အောက်ကိုအမြန်ပြေးဆင်းလာလိုက်တယ်...

ခြံထဲမှာတော့...

နှင်းဆီပန်းပင်တွေအနားက ထိုင်ခုံအဖြူပေါ်မှာ ထိုင်နေတဲ့မငယ်ကိုမြင်ရသည်မှာ အရမ်းကိုအေးချမ်းလှပါသည်..။ မြန်မာဝမ်းဆက်အနီလေးနဲ့မငယ်ဟာ အရမ်းကိုချစ်ဖို့ကောင်းတယ်လို့ပြောလျှင် ဘယ်သူ့မှငြင်းမည်မဟုတ်ပါ..။

"မငယ်..."

"သြော်...ဝေလင်း...
ငယ်လေးကို လာခေါ်တာလား..."

"ဟုတ်..."

"ရေသိပ်မဆော့နဲ့နော်...
မနေ့က ငယ်လေးပြန်လာတာ နှုတ်ခမ်းတောင်ပြာနေတယ်...နေ့မကောင်းဖြစ်တဲ့အထိတော့ မကဲကြနဲ့ကြားလား..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now