"ယောင်းရယ် ဆော မှားသွားပါတယ်နော် ယောင်းကို ဆော မချစ်လို့မဟုတ်ပါဘူး"

ဘာလဲ။ ဝန်ခံလိုက်တာလား။ ဆောက သူဖောက်ပြန်တယ်ဆိုတာ ဝန်ခံလိုက်တာပေါ့။

"ကင်မီဆော!!!"

ယောင်းတစ်ခါမှ တစ်ပါးသူအပေါ်ကို အဲ့သည်လောက် ဒေါသမထွက်ခဲ့ဖူးပါ။

သူ့ အသက်ထက် မြတ်နိုးချစ်ခင်ရပြီး အရာအားလုံးနှင့်လဲခဲ့ရသည့် မိန်းကလေးဟာ သူ့အပေါ် လွယ်လွယ်နှင့် သစ္စာဖောက်ရက်သည်ကြောင့်သာ။

သေလောက်အောင် နာကျင်နေပြီး ဆောက်တည်ရာမရစွာ မျက်ရည်တို့ ကျဆင်းနေကြသော်လည်း ထယ်ယောင်းက ကားကို လုံးဝမရပ်သေးဘဲ ဆက်မောင်းနေ၏။ သူတို့ မည်သည်ကို ဦးတည်နေပြီး မည်သို့ရှေ့ဆက်ကြရမည်ဆိုတာ နှစ်ဦးသားလုံး မတွေးချင်တော့။

နှစ်ဦးကြားရှိ လေထုမှာ အေးစက်လာပြီး စကားသံတို့ ခေတ္တတိတ်ဆိတ်သွားခဲ့သည်။

ရှိုက်သံတိုးတိုးဟာ ဆောဆီကလား
ယောင်းဆီကလား မသိရပေမဲ့။
နှစ်ယောက်လုံးဆီကလည်း ဖြစ်နိုင်တာပဲ။

အပြင်၌ နှစ်ဦးသား နှစ်သက်ခဲ့ရသည့်
မိုးဒေဝါဟာ သဲကြီးမဲကြီး ရွာသွန်းမြဲ။
အတန်ကြာအောင် တိတ်ဆိတ်ပြီးနောက်။

"ကွာရှင်းကြတာပေါ့"

တုန်ရီအက်ကွဲစွာ ထွက်လို့လာသော ထယ်ယောင်း၏ အသံဟာ တိုးဖျော့လွန်းနေသည်။

"မရဘူးနော် ယောင်း
ဒီလောက်အမှားလေးနဲ့ ကွာရှင်းစရာလား
ဆောတို့ အေးဆေးစကားပြောရအောင် လမ်းဘေးကို ကားရပ်လိုက်ပါလားနော်"

ကားစီယာတိုင်ပေါ်က ထယ်ယောင်း၏ အကြောပြိုင်းပြိုင်းထနေသော လက်များဟာ ကားရပ်မည့် အရိပ်အယောင်မတွေ့ရ။

"နော် . . လုပ်ပါယောင်းရယ်"

အတင်းဆွဲနေသော ဆော၏ လက်များအား လွန်ဆန်နေရင်းမှ ရုန်းရင်းဆန်ခတ် ဖြစ်လာကြသည်။

PETRICHOR || VMINWhere stories live. Discover now