သို့ပေသောကြောင့် မိဘ၊ ဆွေမျိုးများနှင့် ဆန့်ကျင်ကာ ဆောနှင့် ထယ်ယောင်းတို့ ခိုးပြေးခဲ့ကြသည်။ မိုးနံ့သင်းသော နေ့လယ်ခင်းလေးမှာ နယ်ဘုရားကျောင်းလေးတစ်ခု၌ နှစ်ဦးသား လက်ထပ်ခဲ့ကြသည်။

ထယ်ယောင်း၏အသိုင်းအဝိုင်းများနှင့်ဝေးရာ။ ဆော၏ဆင်းရဲဒုက္ခတွေနှင့်ဝေးရာ။
ချစ်ခြင်းအသိုက်အမြုံလေးမှာ သူတို့နှစ်ဦး ပျော်ရွှင်ခဲ့ကြ၏။

မိုးရွာရင်မကြိုက်ဘဲ မိုးစိုမှာကို အလွန်မုန်းတတ်သည့် ထယ်ယောင်းအား ဆောက မိုးကိုချစ်တတ်လာအောင် သင်ပေးခဲ့သည်။ ရင်ခုန်စရာမိုးညတွေအား နှစ်ယောက်အတူတူဖန်တီးခဲ့ကြသည်။ မိုးရနံ့နှင့်တူသော ဆော၏ ကိုယ်သင်းရနံ့လေးကို ထယ်ယောင်း မြတ်နိုးခဲ့သည်။ မိုးကိုမုန်းသည့် ကောင်လေးက ချစ်ရသူနှင့်အတူ မိုးရွာထဲ ထီးမပါဘဲ လမ်းလျှောက်ရသည်ကို နှစ်သက်ခဲ့ပါသည်။

သို့သည့်တိုင် မိုးသက်လေ​​ပြည်တို့ အလွန်မှာလေပြင်းမုန်တိုင်းဆိုတာလည်း ရှိတတ်သေးသည် မဟုတ်ပါလား။

ထိုနေ့။

အရင်က ထယ်ယောင်းသည် အမဖြစ်သူ စကားတွေအား မယုံခဲ့။ သို့သော် အဲ့သည်နေ့က သူကိုယ်တိုင် သူ့အမျိုးသမီးနှင့် တခြားအမျိုးသားတစ်ယောက်တို့ နမ်းနေကြသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။

ပြာရီမှိုင်းသော ဝန်းကျင်ဟာ သဲသဲမဲမဲရွာသွန်းနေသော မိုးကြောင့် အရာအားလုံးမှုန်ဝါးဝါးရယ်။ ကြမ်းတမ်းလှသော လေပြင်းဒဏ်အား လမ်းပေါ်က ကားနှစ်စီးသုံးစီးဟာ အလူးအလဲခံနေရသည်။ ထယ်ယောင်းနှင့် ဆောတို့ စီးလာကြသည့် ကားလည်း အပါအဝင်ပင်။

"ယောင်း ဆောကိုမယုံတာလာ"

"ဆောကိုယုံတယ်၊ မဟုတ်ဘူး  . .
ယုံပေးခဲ့တယ်လေ ဒါပေမဲ့ ကိုယ် ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်ခဲ့တာကို . . . . "

နှစ်ယောက်လုံး နာကျင်နေရတာပါပဲ ။
နှစ်ယောက်လုံး ငိုနေရတာပဲ။
မချစ်ကြတာလည်း မဟုတ်ဘဲနဲ့ ဆောက ဘာကြောင့် သူ့ကိုသစ္စာဖောက်ရတာလဲ။

PETRICHOR || VMINWhere stories live. Discover now