His Secretary 17

1.5K 125 2
                                    

မောပန်းပြီး ကြောင်ပေါက်ကလေး ပြန်အိပ်ပျော်သွားပေမဲ့ သူကတော့ မအိပ်နိုင်ပဲ ချစ်ဖို့ကောင်းလွန်းတဲ့ ဒီလူသားလေးကို ငေးစိုက်ကြည့်နေမိတယ်။
အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ နေတတ်တဲ့ ဖေဖေ့ secretary က ကိုယ်သဲသဲလှုပ်ချစ်လာရမဲ့ အူယားစရာလေးဖြစ်လာခဲ့တယ်။
ချစ်မဝလွန်းလို့ ဆံပင်လေးတွေကိုဖွဖွလေး နမ်းရှိုက်ပြီး ရင်ခွင်ထဲကိုထည့်ထားရတဲ့ ခံစားချက်ကို စကားလုံးတွေနဲ့ဖွဲ့နွဲ့လို့မရဘူး ......
သိပ်ချစ်တာပဲ......
Wonwoo ကိုရင်ခွင်ထဲမှာထည့်ပြီး Mingyu လဲ အိပ်ပျော်သွားခဲ့တယ် .........

Morning 9:00 AM

Wonwoo နိုးလာတော့ မျက်နှာကျက်ကိုမော့ကြည့်မိတော့ ဘယ်ရောက်နေတာလဲ??
သေချာပြန်တွေးတော့မနေ့ညက ကိစ္စတွေက ခေါင်းထဲမှာ အစီအရီပြန်ပေါ်လာတော့ မျက်နှာကြီးတစ်ခုလုံး နီရဲလာသလို ခံစားရတယ်။ CEO ကိုမျက်နှာချင်းမဆိုင်ချင်ဘူး ။ ရှက်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲမသိတော့ဘူး။
ခြေသံကြားတာနဲ့ အိပ်ချင်ယောင်ပြန်ဆောင်နေလိုက်တယ်။

"Wonwoo နိုးနေတာ သိတယ် ထတော့ မနက်စာစားရအောင် "

အသံမထွက်ပဲ အိပ်ချင်ယောင်ပဲဆောင်နေမိတယ်။

"သြော် မထဘူးပေါ့ "

အိပ်ချင်ယောင်ဆောင်နေပါတယ်ဆိုနေမှ ထရမလား

"အိုကေလေ နည်းလမ်းတွေထုတ်သုံးရတာပေါ့ မနေ့ညကကွာ ကြောင်ပေါက်စလေးတစ်ကောင် ဘာဖြစ်လို့လဲမသိပါဘူး ...... "

"ထပြီ ထပြီ တော်တော့ "

ရှေ့ဆက်လာမဲ့ စကားတွေကို မကြားချင်တော့တာမလို့အတင်းပဲ ထလိုက်ရတော့ လူယုတ်မာ CEO ကရယ်နေတယ်။ အိပ်ရာထကစ ပုံစံတောင်ကြည့်ကောင်းနေတာ အမြင်ကတ်ချင်စရာပဲ။ ဒီပုံစံနဲ့ နိုင်ငံခြားမှာ ပွေတယ်ရှုပ်တယ် ဆိုတာလဲ ဟုတ်မှာပဲ ။ ငါ့ကိုလဲ ခနတာပဲများလား

" ဟိတ်... ဟိတ် လူကိုစိုက်ကြည့်ပြီး ဘာတွေဒေါသဖြစ်နေတာလဲ ? "

"CEO အမှန်အတိုင်းဖြေ "

"CEO ပဲခေါ်နေတော့မှာလား "

"CEO လို့မခေါ်လို့ အဖေလို့ခေါ်ရမှာလား "

His Secretary [ ZG & Uni ]Место, где живут истории. Откройте их для себя