"သူရ...ဟိုနေ့က မင်းနောက်ကိုထွန်းလင်းဇော် လိုက်သေးတယ်ဆို..."

"အေးကွာ...ငါလည်းငြင်းပေါင်းမနည်းတော့ဘူး...တမင်အရွဲ့တိုက်ပြီး လိုက်နေသလားတောင်အောက်မေ့ရတယ်..."

"ဒီကောင် မင်းကိုတကယ်ချစ်လို့နေမှာပါ..."

"အဟက်...ထင်လို့လား...
အဲ့ကောင်က ငါငြင်းလို့ သူအချိုးခံလိုက်ရတယ်ဆိုပြီး..တမင်လိုက်ကပ်နေတာ..."

"အေးပေါ့လေ...
ငါ့ယောက်ဖလေးက ဒီလောက်ချစ်ဖို့ကောင်းတာဆိုတော့လည်း..." လို့ ပြောပြ်ီး ကျွန်တော့်မေးစေ့ကိုကိုင်ကာ..ပြောလာတဲ့ ဝေလင်းရဲ့လက်ကိုရိုက်ချလိုက်ပြီး..

"ေ-ာကိုချစ်ဖို့ကောင်း...
ငါကခန့်တာကွ..."

"ဟားဟား...ဒါပေမဲ့ မင်းချစ်ဖို့ကောင်းတာက မငယ်ကိုမမှီဘူး..ဟဲဟဲ..."

"ဘူးကကျနေသေးတယ်..."

ကျွန်တော်တို့စကားပြောရင်းလျှောက်လာတာ..ဆိုင်ကိုရောက်ဖို့တောင်သိပ်မလိုတော့ဘူး..။

"သူရဖုန်းမြင့်!.." ဆိုပြီး အရှေ့ကိုလာရပ်ကာ နာမည်ခေါ်လာသူကြောင့်..

"သြော်...ဦး..."

"လာခဲ့..." ဆိုပြီး လက်ကိုအတင်းလာဆွဲတာကြောင့်..

"ဘယ်ကိုလဲ?..သားတို့ တုတ်ထိုးသွားစားမလို့.."

"မစားနဲ့..ကိုယ်နဲ့လိုက်ခဲ့..."

"မလိုက်ဘူး..ကျွန်တော်တုတ်ထိုးသွားစားဦးမှာ..."

"ကောင်းကောင်းပြောနေတုန်း လိုက်မလား...
ကိုယ်ပွေ့ချီသွားရမလား..."

"ကျစ်...သွားဗျာ..သွား...လိုက်မယ်...
ဝေလင်း ငါသွားပြီနော်..."

"အေးအေး.."

ဒီလူက ဘယ်သူပါလိမ့်....
ရောက်ရောက်ချင်းတုန်းကလည်း သူရပခုံးကိုဖက်ထားတဲ့ ကျွန်တော့်လက်ကိုစိုက်ကြည့်နေသည်မှာ နဂါးဆို ပြာတောင်ကျနိုင်တယ်..။ အခုလည်း..သူရကိုဆွဲခေါ်သွားတာ သူ့ရည်းစားကျနေတာပဲ..။

"ကျွန်တော့်လက်ကို အတင်းမဆွဲနဲ့..."

"ဟင်း....တက်.."

"တက်မှာပေါ့...အသည်းအသန် လိုက်လုပ်နေသေးတယ်...ဟွန်း..."

ကားပေါ်ရောက်တော့လည်း..စကားတစ်ခွန်းမှမပြောဘဲ ကားသာအာရုံစိုက်မောင်းနေတဲ့ ဦးကြောင့်..ကျွန်တော့်ဘက်က အရင်စကားစပြောမယ်တွေးပြီး..လှည့်ကြည့်လိုက်တော့ မျက်နှာကတည်နေတဲ့အတွက် တစ်ခုခုကိုစိတ်တိုနေတာလား..။ သူ့ဘာသာ ဘာဖြစ်ဖြစ်..ငါနဲ့မဆိုင်ပါဘူး..။

ဦးရဲ့သည်းငယ်လေး (Completed)Donde viven las historias. Descúbrelo ahora