CH 31

5.3K 854 73
                                    

Unicode

မနက်ခင်း နေရောင်ခြည် ခပ်စူးစူးက မျက်နှာပေါ် ကျလာတဲ့အခါ ရှောင်းကျန့် နိုးလာခဲ့တယ်..

မျက်လုံးမဖွင့်ပဲ ဘေးကို စမ်းကြည့်လိုက်တော့ နည်းနည်းအေးစပြုနေပြီဖြစ်တဲ့ အိပ်ရာခင်းကိုပဲ စမ်းမိတယ်

ဘေးမှာလူမရှိတော့တာကြောင့် ရှောင်းကျန့် မျက်လုံးကို ပွတ်ပြီး ထထိုင်လိုက်မိတယ်

ဘေးနားက စားပွဲပေါ်မှာ အားသွင်းထားတဲ့ ဖုန်းက နာရီမှာ 10 AM လို့ ပြနေတာကြောင့် ရိပေါ် နိုးနေပြီဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်

ရေချိုးခန်းထဲဝင် မျက်နှာသစ်ပြီး အောက်ထပ်ကို ဆင်းလာတော့ မီးဖိုခန်းထဲမဝင်ခင်မှာတင် ရိပေါ်ရဲ့ သီချင်းညည်းသံကို စကြားရတယ်..

ရှောင်းကျန့် အသံမမြည်အောင် လျှောက်ပြီး ဝင်သွားလိုက်တော့ ရိပေါ်က ပေါင်မုန့်နှစ်ချပ်ကို စတော်ဘယ်ရီယိုသုတ်နေရင်း သီချင်းညည်းနေတာဖြစ်တယ်..ခေါင်းလေးတလှုပ်လှုပ် ကိုယ်လုံးလေးတခါခါနဲ့ ရိပေါ်က သီချင်းဆိုရင်း ကနေတဲ့အခါ ရှောင်းကျန့် ခိုးရယ်ရင်း ဆက်ကြည့်နေမိတယ်

ကော်ဖီနှစ်ခွက်ပါ ဖျော်ပြီးသွားပုံရတဲ့ ရိပေါ်က ခွက်တွေ ကိုင်ပြီး ဒီဘက်ပြန်လှည့်လာတဲ့အခါ ရှောင်းကျန့်ကို မြင်တော့ အံ့သြသွားတဲ့ပုံ

"ရှောင်းကျန့် ! နိုးပြီလား..ဘာလို့ အဲ့မှာရပ်နေတာလဲ လှမ်းခေါ်လိုက်တာ မဟုတ်ဘူး"

ရိပေါ်က ကော်ဖီခွက်တွေကို စားပွဲပေါ်တင်ပြီး မေးတော့ ရှောင်းကျန့်က ရယ်ချင်ပက်ကျိရုပ်နဲ့

"ဝမ်ရိပေါ်ရဲ့ Solo show ကြီးကို ကြည့်နေရတဲ့ဟာ..လှမ်းခေါ်စရာလား"

ရိပေါ် ရှက်သွားအောင် ရှောင်းကျန့်က ပြောလိုက်တာပေမဲ့ ရိပေါ်က ခဏလောက်သာ အံ့သြသွားပြီး ရှောင်းကျန့်ကို လူယုတ်မာပြုံး ပြုံးပြတယ်

"အော်..ငါကတာ လှလို့ ကြည့်နေတာပေါ့ တစ်ချိန်လုံး..ထပ်ကပြမယ်လေ..ကြည့်မလား..ငါတို့ရှောင်းကျန့် ကြိုက်တယ်ဆို ကပြရမှာပေါ့"

ရိပေါ် ကို ရှက်အောင် အရင်သွားစတာက ရှောင်းကျန့်ပေမဲ့ ရိပေါ် တစ်ခွန်းပြန်ပြောရုံနဲ့ မျက်နှာဘယ်နားထားရမလဲ မသိတော့တာကလည်း ရှောင်းကျန့်ပါပဲ

How to be a Protagonist Where stories live. Discover now