CH 24

5.8K 1K 92
                                    

Unicode

ရိပေါ် Music Club ထဲမှာ တစ်ယောက်တည်းထိုင်ပြီး သီချင်းစာရွက်ကို ကြည့်နေတယ်

အခုလတ်တလော ပြိုင်ပွဲဝင်ဖို့ဆိုတာထက် ဒီသီချင်းက သူ့ခံစားချက်တွေနဲ့ ကိုက်တယ်လို့ ခံစားရလို့ ရွေးလိုက်တာပဲ..

နိုင်ဖို့လား..သေချာပေါက်ပေါ့..သေချာပေါက်နိုင်မှာ..အရင်ဇာတ်လမ်းထဲမှာ ပိုင်ကျင့်ထင်က တယောထိုးပြပြီး နိုင်သွားတာ..အဲ့ပွဲမှာ ရိပေါ်မပါခဲ့လို့ သူနိုင်တာပါ

အဲ့လိုကြီးကြီးကျယ်ကျယ်တွေ စဥ်းစားပြီးနောက်မှာ ရိပေါ်က ဂစ်တာကို လှမ်းကိုင်ကြည့်တယ်..အမှန်အတိုင်းပြောရရင် ဘယ်ဘက်က အတည့်လဲတောင် ရိပေါ်မသိဘူး..ပြိုင်ပွဲက နောက်အပတ်ဆို လာပြီ

ဂစ်တာကို ကိုင်ကြည့်လိုက် သီချင်းစာရွက်ကို ပြန်ကြည့်လိုက်နဲ့ ရိပေါ် ခေါင်းကိုက်နေတုန်း Music Club အခန်းတံခါးမကြီးကို တွန်းဖွင့်လာတဲ့အသံကြောင့် ရိပေါ် ထိုင်နေရာကနေ မော့ကြည့်လိုက်တယ်

"ရိပေါ်..သီချင်းကျင့်နေတာလား"

"အော်..ကျန့်ခိုင်..အေး ကျင့်နေတာ"

ကျန့်ခိုင်က ရိပေါ်ရဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်တယ်

"အခြေအနေ ? ဘယ်ထိကျင့်ပြီးပြီလဲ"

"တစ်လုံးမှ စမကျင့်ရသေးဘူး"

"ဟမ် ! ဒါပေမဲ့ ပြိုင်ပွဲက နောက်အပတ်လေ.."

ကျန့်ခိုင်က ရိပေါ်ဘေးမှာထောင်ထားတဲ့ ဂစ်တာကို ယူပြီး ကြိုးညှိတယ်

"ဂစ်တာနဲ့ သီချင်းဆိုပြီး ပြိုင်မှာလား"

"အေး အဲ့လိုတော့ စိတ်ကူးတာပဲ..ဒါပေမဲ့ ဂစ်တာတော့မတီးတတ်ဘူး"

"ဟင်..ဒါဆို တီးတတ်တာနဲ့ ပြိုင်လေ.."

"ဘာမှ မတီးတတ်ဘူးလေ..တီးတတ်တာဆိုလို့ လက်ခုပ်ပဲရှိတယ်"

ရိပေါ်က ပြောရင်း လက်ခုပ်ထတီးပြတော့ ကျန့်ခိုင်က သဘောတကျရယ်တယ်

"ဝမ်ရိပေါ်ကတော့ တကယ်အထူးအဆန်းပါလား"

ရယ်လို့ဝတော့မှ ကျန့်ခိုင်က မျက်နှာကို အသာပြန်တည်ရင်းပြောတယ်

How to be a Protagonist Where stories live. Discover now